အရှေ့တောင်အာရှတွင် မကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း။ စာပေတွေကနေ ကျွန်ုပ်တို့ဘာတွေသိရလဲ?

|
အရှေ့တောင်အာရှတွင် မကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း။ စာပေတွေကနေ ကျွန်ုပ်တို့ဘာတွေသိရလဲ?

SUNI-SEA စီမံကိန်းမှ သုတေသနအဖွဲ့များအနေဖြင့် အရှေ့တောင်အာရှမှ ရှိနေပြီး ထိန်းချုပ်ကာကွယ်ရေးများနှင့် သက်ဆိုင်တဲ့ စာပေးများကို သုံးသပ်ခဲ့ပြီး SUNI-SEA တွင် အသုံးချမယ့် အရေးကြီးဆုံးသင်ခန်းစာယူစရာများကို ကောက်နှုတ် ခဲ့ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု 

အရှေ့တောင်အာရှနိုင်ငံများတွင် ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးစွဲမှုနှုန်းမှာ အဆမတန်မြင့်မားပါတယ်။ ဉပမာအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားဉီးရေ၏ ၇၆ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြပြီး ၁၃ ရာခိုင်နှုန်းမှာ ဆယ်ကျော်သက်အရွယ်များဖြစ်ပါတယ်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတွင် ဆေးလိပ် သောက်နှုန်းမှာ အနည်းငယ်နည်းပါးသော်လည်း နိုင်ငံနှစ်ခုစလုံးတွင်  ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူအများအပြားသေဆုံးနေရပြီး သေဆုံးမှုနှုန်းမှာ  ၆၅၀၀၀ ကနေ ၇၅၀၀၀ ကြားအထိရှိနေပါ တယ်။ အရှေတောင်အာရှတွင် ဆေးလိပ်ဖြတ်ရန် အားပေးခြင်းဖြင့် အသက်ထောင်ပေါင်းများစွာ ကိုကယ်တင်နိုင်ပြီး အဆုတ်ကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတို့လို ကုသရန်လိုအပ်သည့် ကျန်းမာရေးကုန်ကျစရိတ်များကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ တစ်သီးပုဂ္ဂလနှင့် ရပ်ရွာအဖွဲ့အစည်းများအတွက် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုလျှော့ချခြင်းကို အဓိကထားတဲ့ ကျန်းမာရေးလုပ်ငန်းစဉ်အစီအစဉ် ၈ ခုကို ဖော်ထုတ်ခဲ့ပါတယ်။ ယင်းမှာ တစ်ဉီးချင်း အလိုက် ဆွေးနွေးမှုများပေးခြင်း (သို့မဟုတ်) တိုက်တွန်းနှိုးဆော်ပေးတဲ့ တစ်ဉီးချင်းလုပ်ငန်းစဉ်များနှင့် ဆေးခန်းများ၊ ကျောင်းများနှင် အိမ်ထောင်စုများတွင် အုပ်စုလိုက်ဆွေးနွေးမှုများ(သို့) တိုက်တွန်းနှိုးဆော်မှုများပြုလုပ်တဲ့ (သို့မဟုတ်) အုပ်စုလိုက်လုပ်ငန်းများပဲဖြစ်ပါသည်။ လေ့လာမှုအရ လုပ်ငန်းစဉ်များအားလုံး အောင်မြင်မှုရှိခဲ့သော်လည်း အခြားလုပ်ငန်းစဉ်နှစ်ခုမှာ ရှောင်ကျဉ်မှုနှုန်းများပြားသည်ကိုတွေ့ခဲ့ရပါတယ်။ ယင်းမှာ ဆေးခန်းများ (တစ် ဦး ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ) တွင်အကြံပေးခြင်းနှင့်ငွေကြေးဆိုင်ရာမက်လုံးပေးခြင်းတို့ပင် ဖြစ်ပါတယ်။ လုပ်ငန်းစဉ် ၂ ခုလုံးမှာ များပြားသော ငွေကြေးနှင့် လူ့စွမ်းအား အရင်းအမြစ်တို့လိုအပ်ပြီး ကုန်ကျစရိတ်သက်သာသော ထိရောက်မှု သက်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုမရှိပေ။

 

အရက်

အရှေ့တောင်အာရှတွင် အရက်သောက်သုံးမှုမှာ အလွန်ပင်ကွဲပြားခြားနားမှုများရှိပါတယ်။ ဗီယက်နမ်လူမျိုးများအနေဖြင့် ပျမ်းမျှ အရက် ၈ လီတာခန့်သောက်သုံးပြီး မြန်မာနိုင်ငံတွင် သောက်သုံးမှု ပျှမ်းမျှ ၅ လီတာ နီးပါးရှိကာ အင်ဒီနီးရှားနိုင်ငံတွင် ၁ လီတာထက်နည်းပါးတာကို တွေ့ရပါတယ်။ အရက်သောက်သုံးမှုလျှော့ချရေး ကို ရည်ရွယ်သော လုပ်ငန်းစဉ်လေးခုကိုသာ ဖော်ထုတ်ခဲ့ပါတယ်။ လုပ်ငန်းစဉ် ၂ ခုမှာ တစ်သီးပုဂ္ဂလဖြစ်ပြီး ပဏာမစောင့်ရှောက်မှုယူနစ်အတွက် အတိုချုပ်အကြံပေးဆွေးနွေးမှုပါဝင်ပါတယ်။ အခြားလုပ်ငန်းစဉ် ၂ ခုမှာ တက္ကသိုလ် (သို့မဟုတ်) ရပ်ရွာအသိုင်းအဝိုင်းများအတွင်း အုပ်စုလိုက် တိုင်ပင်ဆွေးနွေးမှုများပါဝင်ပါတယ်။ အဆိုပါ ချည်းကပ်နည်းလမ်း ၂ ခုစလုံးမှာ အရက်သောက်သုံးမှုပမာဏကို သိသိသာသာနဲ့ အောင်မြင်စွာ လျှော့ချနိုင်ခဲ့ပါတယ်။ ပိုမိုကြာမြင့်တဲ့ ဆွေးနွေးချိန်များမှာ  အတိုချုပ်ဆွေးနွေးမှုများထက် အရက်သောက်သုံးမှုပမာဏကို ပိုမိုလျှော့ချနိုင်ခဲ့ပါတယ်။

အကြံဥာဏ်ပေးခံရသူအား ၎င်းတို့ရဲ့ အရက်လျှော့ချရေး ရည်မှန်းချက်ပန်းတိုင်များကို ကိုယ်တိုင် သတ်မှတ်ရန်ဖိတ်ခေါ်ပါက ရလဒ်များမှာ ပိုမို ရေရှည်တည်တံ့နိုင်ပါသည်။

 

ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုပုံစံနဲ့ ကိုယ်လက်လှုပ်ရှားမှု

ဗီယက်နမ်နိုင်ငံတွင်  လူဉီးရေ၏ ၁၈ ရာခိုင်နှုန်းခန့်မှာ အဝလွန်သူများဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဉီးရေ၏ ၂၄ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၈ ရာခိုင်နှုန်းခန့်အထိတွေ့ရှိရပါတယ်။ ကျွန်ုပ်တို့လေ့လာတွေ့ရှိခဲ့တဲ့ လေ့လာမှု ၂၀ ရဲ့ အများစုမှာ ကျန်းမာရေးနဲ့မညီညွတ်သော စားသောက်မှုပုံစံ၊ ကိုယ်လက်လှူပ်ရှားမှုမရှိသော လူများရဲ့ အပြုအမူများကို ပြောင်းလဲရန်ရည်ရွယ်တဲ့ လုပ်ငန်းစဉ်များနှင့် ဆက်စပ်နေပါတယ်။ နောက်ဆုံးတွင် ၎င်းတို့ဟာ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နှင့် BMI စသောဇီဝဖြစ်ပျက်မှုဆိုင်ရာအန္တရာယ်အချက်များ ကိုလျှော့ချရန်ရည်ရွယ်ပါတယ်။ ယေဘုယျအားဖြင့်  တစ်သီးပုဂ္ဂလဆွေးနွေးမှုများ(သို့) ကိုယ်တိုင်စောင့်ကြည့်မှုများထက်  လူမှုအသိုင်းအဝိုင်းတွင်းအုပ်စုလိုက်ဆွေးနွေးခြင်း(သို့) အုပ်စုလိုက်လမ်းလျှောက်ခြင်းကဲ့သို့သော လူမှုအသိုင်းအဝိုင်းလုပ်ငန်းစဉ်များက တစ်ဉီးချင်းအစီအစဉ်များထက်  ပိုမိုထိရောက်မှုရှိပါသည်။ စာသင်ကျောင်းအခြေပြု အဝလွန်ခြင်း ကာကွယ်ရေးအစီအစဉ်များမှာ အတော်အတန်အောင်မြင်သော်လည်း ကျောင်းသားများကိုသာ အဓိကဉီးတည်ထားပါတယ်။

စာသင်းကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းအ ခြေပြုလုပ်ငန်းရ လဒ်များအရ တစ်သီးပုဂ္ဂလအ ခြေပြုအစီအစဉ်များတွင် မရှိသော  အုပ်စုလိုက်များတွင် စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်များထွက်ပေါ်လာကြောင်း အကြံပြုထားပါတယ်။ အဖွဲ့များတွင် တစ်ယောက်နဲ့ တစ်ယောက် လေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ကျန်းမားရေးနှင့်ညီညွတ်အောင် စားသောက်နေထိုင်ရန်  တိုက်တွန်းအားပေးမှုများရှိပြီး တစ်ဉီးချင်းနှောင့်နှေးကြန့်ကြာမှုများကို ပိုပြီးကျော်ဖြတ် လာနိုင်ကြပါတယ်။ ကျွန်ုပ်တို့ လေ့လာမှုများအရ သွေးပေါင်ချိန်တွင် တိုးတက်မှုများရှိခဲ့ပြီး သွေးတွင်းသကြားဓာတ်၊ ကိုယ်အလေးချိန်နှင့် BMI တို့တွင်တော့ အပြောင်းအလဲသိသိသာသာမရှိခဲ့ပေ။

 

ရောဂါစစ်ဆေးခြင်း

အင်ဒိုနီးရှား၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့တွင် မကူးစက်ရောဂါများရှာဖွေစစ်ဆေးရာတွင် တဖြည်းဖြည်းပြောင်းလဲလာသော်လည်း အချိန်နှောင်းမှ ရောဂါသိရှိခြင်းကို ဉီးတည်တဲ့ ကြီးမားတဲ့ ကန့်သတ်ချက်များနှင့် ကြုံတွေ့နေရဆဲဖြစ်ပါတယ်။အဆိုပါ နိုင်ငံသုံးနိုင်ငံတွင် ရင်သားကင်ဆာ (သို့) သာအိမ်ခေါင်းကင်ဆာများအတွက် ရှာဖွေစစ်ဆေးခြင်းအစီအစဉ်များတိုးတက်လာပြီဖြစ်ပါတယ်။

သွေးတိုးရောဂါ(သို့) ဆီးချိုရောဂါများ ရှာဖွေစစ်ဆေးမှုအတွက် အလွန်နည်းပါးသည့် စမ်းသပ်အစီအစဉ်များသာရှိပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံတွင် Posbindu ကအကောင်အထည်ဖော်လျက်ရှိပါတယ်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် နောက်ဆုံး အခြေခံကျန်းမာရေးစစ်တမ်းအရ လူဉီးရေ၏ လေးပုံတစ်ပုံသာ ဆီးချိုရောဂါရှိပြီး ယခင်က ရောဂါရှာဖွေစစ်ဆေးမှုများခံယူဖူးကြောင်းတွေ့ရပါတယ်။ အများစုမှာ အချိန်နောက်ကျပြီး နေမကောင်းဖြစ်သည့်အချိန်မှသာ ရောဂါရှာဖွေစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါစစ်ဆေးမှုမှာ ရရှိနေပြီဖြစ်သော်လည်း လာရောက်သူဉီးရေမှာ အတော်နည်းပါးနေဆဲဖြစ်ပါတယ်။ ရောဂါဖြစ်နိုင်ခြေရှိသည့် တစ်ဉီးချင်းအား သတင်းအချက် အလက်များ ပေးခြင်းနှင့် ဖုန်းခေါ်ဆိုပြီး သတိပေးခြင်းက လာရောက် ရောဂါဖွေစစ်ဆေးခြင်းနှုန်းကို တိုးတက်လာစေနိုင်ပါတယ်။ လေ့လောမှုများအရ ရင်သားကင်ဆာရှာဖွေစစ်မှုအတွက် ပညာပေးပိုင်းများမှ သော်လည်းကောင်း သတင်းအချက်အလက်ပံ့ပိုးခြင်းမှသော်လည်းကောင်း သိသာသည့် သက်ရောက်မှုများမရှိတာကိုတွေ့ရပါတယ်။

 

ကျန်းမာရေးအသိပညာပေးခြင်း

မကူးစက်ရောဂါရှိသူများအနေဖြင့် ကုသမှုများကို လိုက်နာရန်နှင့် ကျန်းမာသည့်နေထိုင်မှုပုံစံနှင့် စပ်လျည်းသည့် နောက်ဆက်တွဲလမ်းညွှန်ချက်များကို လိုက်နာရန်အရေးကြီးပါတယ်။ အကြောင်းမှာ ယင်းရောဂါများသည် ရာသက်ပန်ဖြစ်ပါတယ်။ ဆီးချိုရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး အစီအစဉ်များသည် လူနာများကို ၎င်းတို့၏ သွေးပေါင်ချိန်နှင့် သွေးတွင်း သကြားဓာတ်ပမမာဏကို လျှော့ချရန် ကူညီပေးပါတယ်။ သို့သော် BMI  (သို့) ကိုယ်အလေး ချိန်ပိုင်းတွင် သိသာသောလျှော့ချမှု ရလဒ်များမရှိပါ။ တစ်ဉီးချင်းဆွေးနွေးမှု များ၊ မျက်နှာချင်းဆိုင်အသိပညာပေးမှုနှင့် ဖုန်းခေါ်မှုများ မှတဆင့် အထူးသတင်း အချက်အလက် ထောက်ပံ့ပေးခြင်းမှာ ရိုးရိုးသာမာန် လက်ကမ်းစာ စောင်များပေးလိုက်ခြင်းထက် ပိုမိုကြီးမားသည့်အပြုသဘောဆောင်သည့် သက်ရောက်မှုရှိကြောင်း တွေ့ရပါ တယ်။ လူနာများ၏ မိသားစုများထံ သတင်းအချက် အလက်များ ထောက်ပံ့ခြင်းကလည်း လူနာကို မည့်သို့ပံ့ပိုးပေးရမည်ကို သိရှိစေပြီး လူနာ၏ ကျန်းမာ ပျော်ရွင်ရေး ကိုလည်း တိုး တက်စေပါတယ်။

 

အထောက်အပံ့ပေးခြင်း

မကူးစက်ရောဂါများသည် လူနာ ဆေးပုံမှန်သောက်မသောက် ကျန်းမာသောနေထိုင်မှုပုံစံအ တိုင်းလိုက်နာမှုရှိမရှိ ပုံမှန်စစ်ဆေးရန်လိုအပ်ပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုစစ်ဆေးခြင်း (သို့) သွေးပေါင်ချိန်စစ်ခြင်းတို့ကိုလည်း အခါအားလျော်စွာလုပ် ဆောင်ရမှာဖြစ်ပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါများရဲ့ ရောဂါပြင်းထန်မှုကို လျှော့ချရန်နှင့် ဇီဝဖြစ်စဉ်ညွှန်းကိန်းများကို မြှင့်တင်ရန်အတွက် ဆေးပညာနှင့် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်အကူအညီများပေးရန်လည်း ထပ်မံလိုအပ်ပါတယ်။ အချို့နေရာများတွင် ရပ်ရွာတွင်းရှိ ဆေးဝါးများဖြင့် အောင်အောင်မြင်မြင်ထိ တွေ့လုပ်ဆောင်နိုင်သော်လည်း အခြားသော နောက်ဆက်တွဲအစီအစဉ်များမှာ အောင်မြင်မှုနည်းပါး နေသေးသည်ကိုတွေ့ရပါတယ်။ ဉပမာ – ပုံမှန်တယ်လီဖုန်းခေါ်ဆိုခြင်း