အရှေ့တောင်အာရှဒေသအတွင်း မကူးစက်နိုင် သောရောဂါဆိုင်ရာ လုပ်ငန်းစဉ်တို့၏ စရိတ်ထိရောက်မှုတို့နှင့် ပတ်သက်၍ ခွဲခြမ်း စိတ်ဖြာခြင်း (စာပေဆိုင်ရာ လေ့လာသုံးသပ်မှု)

|
အရှေ့တောင်အာရှဒေသအတွင်း မကူးစက်နိုင် သောရောဂါဆိုင်ရာ လုပ်ငန်းစဉ်တို့၏ စရိတ်ထိရောက်မှုတို့နှင့် ပတ်သက်၍ ခွဲခြမ်း စိတ်ဖြာခြင်း (စာပေဆိုင်ရာ လေ့လာသုံးသပ်မှု)

မကူးစက်နိုင်သောရောဂါများ‌(NCDs)အား ထိန်းချုပ်ကာကွယ်ရေးကို ဗဟိုပြုသည့် ထောက်ခံချက်ရ စရိတ် ထိရောက်သော လုပ်ဆောင်ချက်တို့နှင့် ပတ်သက်ပြီး မူဝါဒချမှတ်သူများကို အသိပေးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ‌(WHO) ‌သည် ပြန်လည်ပြင်ဆင်ထားသော “အသင့်တော်ဆုံးနည်းလမ်းများ” စာရင်းကို ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ ယင်းလုပ်ငန်းစဉ်များသည် မကူးစက်နိုင်သည့် ရောဂါများကို ဖြစ်ပွားစေသော ပင်မအကြောင်းရင်းများ(ဆေးရွက်ကြီးသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ ဆီးချို၊ ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများအားစားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်း) နှင့် အဓိကရောဂါလေးမျိုး( နှလုံးသွေးကြောကျဥ်းရောဂါ၊ကင်ဆာနှင့် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ) တို့အား အဓိကထား ထားခြင်းဖြစ်သည်။ မကူးစက်နိုင်သော ရောဂါနှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များနှင့် ရှင်းလင်းသော ဆက်နွှယ်မှုရှိခြင်း၊ အ ထောက်အထားခိုင်ခိုင်မာမာရှိသော ထိရောက်မှုတို့ရှိခြင်းတို့အား အခြေခံပြီး ယခုကြားဝင်ဆောင်ရွက်ချက် များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ရွေးချယ်ထားခြင်းဖြစ်သည်။ ‌ ရွေးချယ်ထားသော လုပ်ငန်းစဉ်များအားလုံးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများမှ ပျမ်းမျှ DALY စရိတ် ထိရောက်မှုနှင့် နှိုင်းယှဥ်ထားခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် အရှေ့တောင်အာရှဒေသအတွင်း အကောင်အထည်ဖော်ခဲ့သည့် စရိတ်ထိရောက်မှုဆိုင်ရာလေ့လာမှုများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ “ အသင့်တော်ဆုံးနည်းလမ်းများ” လုပ်ငန်းစည်တို့နှင့် နှိုင်းယှဥ်ခဲ့ပြီးပြီလည်း ဖြစ်သည်။

 

ဆေးရွက်ကြီးသုံးစွဲမှု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အကောင်းဆုံးနည်းလမ်းစာရင်းအရ စရိတ်ထိရောက်မှုရှိသည့် လုပ်ငန်းစဥ်များမှာ အမျိုးမျိုးရှိပါသည်။ အဆိုပါ အကောင်းဆုံးလုပ်ငန်းစဥ်များမှာ ဥပမာအားဖြင့် ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းတိုးမြှင့်ခြင်း၊ ဆေးရွက်ကြီးထုတ်ကုန်တို့ ၏ ကုန်ပစ္စည်းထုတ်ပိုးမှုများကို ဆွဲဆောင်မှုနည်းသည့်ပုံစံဖြစ်အောင် လုပ်ဆောင်ခြင်း၊ ဆေးရွက်ကြီး ထုတ်ကုန်များအား အရောင်းမြှင့်တင်မှုတို့ကို ပိတ်ပင်ခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိသူ ပမာဏကို ပပျောက်အောင်လုပ်ဆောင်ခြင်း၊ ဆေးရွက်ကြီးမှာ မည်မျှအန္တရာယ်များကြောင်းကို မီဒီယာလှုပ်ရှားမှုကြီးများလုပ်ဆောင်၍ အသိပညာဖြန့်ဝေခြင်းတို့ဖြစ်ပါသည်။ ခြုံငုံကြည့်ပါက အရှေ့တောင်အာရှတွင် ဆေးရွက်ကြီး ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ခြင်းသည် စရိတ်ထိရောက် မှုရှိသော လုပ်ငန်းစဥ်တစ်ခု ဖြစ်လာနိုင်ပါသည်။ ထို့အတူ စီးကရက်ဘူးများအပေါ်တွင် သတိပေး ရုပ်ပုံများ ရိုက်နှိပ်ခြင်းမှာလည်း စရိတ်ထိရောက်မှုရှိသော လုပ်ဆောင်ချက်တစ်ခုဖြစ်လာ နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်ရန် မီဒီယာလှုပ်ရှားဆောင်ရွက်မှုလုပ်ဆောင်ခြင်းမှာမှု ဗီယက်နမ် လူထုကြားတွင် အလွန်ထိရောက်မှုရှိသည် စရိတ်ထိရောက်လုပ်ငန်းစဥ်တစ်ခုဖြစ်လိမ့်မည် ဖြစ်သည်။ ဆွေးနွေးအကြံပေးခြင်း၊ နီကိုတင်းအစားထိုးဆေး အစသဖြင့် ဆေးဝါးများကို ပံ့ပိုးပေးခြင်း တို့မှာလည်း စရိတ်ထိရောက်သည့် အခြားလုပ်ငန်းစဥ်များ ဖြစ်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အခွန်တိုးမြှင့်ခြင်း၊ ဘူးခွံဒီဇိုင်းပြောင်းခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်သုံးမှုကို တားမြစ်ခြင်း တို့နှင့် အတူ နှစ်သိမ့်ဆွေးနွေးပညာပေးမှုများကိုပါ လုပ်နိုင်လျှင် အကောင်းမွန်ဆုံး ရလဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

 

ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်မှုပုံစံ

ဆား စားသုံးမှုလျှော့ချခြင်းသည် သွေးတိုးနှင့် နှလုံးသွေးကြောကျဥ်းရောဂါများအား ထိန်းချုပ် နိုင်ရေး အတွက် အရေးပါသော လုပ်ဆောင်ချက်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ကျန်းမာရေးနှင့် မညီ ညွတ်သောနေထိုင်မှုပုံစံအား ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အသင့်တော်ဆုံး နည်းလမ်းအဖြစ် စဥ်းစားထားမှုများအားလုံးသည် ဆားစားသုံးမှုလျှော့ချရေးကိုသာ အဓိကထား ထား သည်ကို တွေ့ရသည်။ ကြာရှည်ခံအသင့်စားစားသောက်ကုန်များတွင်ပါဝင်သော ဆားပမာဏကို လျှော့ချခြင်း၊ မီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်း၊ ဘူးခွံအမှတ်တံများပေါ်တွင် ရေးသား ဖော်ပြခြင်းဖြင့် သတိပေးမှုမြှင့်တင်ခြင်း စသောနည်းလမ်းတို့ဖြင့် ဆားစားသုံးမှုကို လျှော့ချနိုင်ပါသည်။

ဗီယက်နမ်တွင်မူ ဆားစားသုံးမှုကို လျှော့ချရန် မီဒီယာများတွင် အသိပညာပေးလှုပ်ရှားမှုကြီး များလုပ်ဆောင်ခြင်းက စရိတ်အထိရောက်ဆုံး ရွေးချယ်စရာနည်းလမ်းဖြစ်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ကြာရှည်ခံအသင့်စားစားသောက်ကုန်များတွင် ဆားပါဝင်မှု လျှော့ချရန် စက်ရုံများမှ မိမိသဘောဆန္ဒအလျောက်သဘောတူညီချက်ရအောင် မီဒီယာများမှတစ်ဆင့် ကျန်းမာရေးအသိပညာပေးမှုများ အကြီးအကျယ်လုပ်ဆောင်ခြင်းသည်လည်း စရိတ်ထိရောက်မှုရှိ သောနည်းလမ်းတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်ပွားနိုင်ခြေရှိ သူများကို ကာကွယ်ရေးဆေး၀ါးကုထုံးများပေးခြင်းသည်ပင်လျှင် ပိုမိုစရိတ်ထိရောက်မှုအရှိဆုံးဟု ဆိုနိုင်သည်။ ဥပဒေစည်းမျဥ်းများချမှတ်ခြင်းဖြင့် အသွင်းပြောင်းဆီ(trans-fats)ပါဝင်မှုကို ပပျောက် အောင်လုပ်ဆောင်ခြင်း၊ သကြားကြောင့် ချိုနေသော ဖျော်ရည်များကို အခွန်တပ်ခြင်းဖြင့် သကြား စားသုံးမှုကို လျော့ချခြင်းတို့သည်လည်း ကျန်းမာရေးနှင့်မညီသောစားသောက်မှုပုံစံများကို ပပျောက် စေရန် ကြားဝင်လုပ်ဆောင်ချက်များဖြစ်ပါသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် သကြား ကြောင့်ချို နေသည့် ဖျော်ရည်များကို အခွန်တိုးမြှင့်ခြင်းဖြင့် သွေးတိုး၊ ischemic နှလုံးရောဂါ၊ လေသင်တုန်းဖြတ် ခြင်း၊ အ၀လွန်ခြင်းအစရှိသည့် မကူးစက်နိုင်သော ရောဂါများကာကွယ်ခြင်းအတွက် စရိတ်ထိရောက် မှုရှိသော နည်းလမ်းများဖြစ်သည်ကိုတွေ့ရသည်။ ကံမကောင်းစွာဖြင့် အရှေ့တောင် အာရှဒေသ၏ ချိန်ညှိချက် ထဲတွင် မည်သည့် လူ့အဖွဲ့အစည်းအထူးအခြေပြု (သို့မဟုတ်) ပဏာမကျန်းမာရေးစောင့် ရှေက်မှုအခြေပြုကြားဝင်လုပ်ဆောင်ချက်များကိုမှ စရိတ်ထိရောက် မှုရှိသော နည်းလမ်းအဖြစ် သတ်မှတ်ထားမှု မရှိခြင်းဖြစ်သည်။

 

နှလုံးသွေးကြောကျဥ်းရောဂါ

နှလုံးသွေးကြောကျဥ်းရောဂါအား ကာကွယ်ကုသခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လုပ်ဆောင်ချက်တစ်မျိုးကိုသာ အကြံပေးထားသည်။ ယင်းလုပ်ဆောင်ချက်သည် ဆေးဝါး ကုထုံး (ဆီးချိုရောဂါနှင့် သွေးတိုးရောဂါထိန်းချုပ်ခြင်းအတွက်)၊ နှလုံးသွေးကြောကျဥ်း ရောဂါဖြစ်နိုင် ခြေရှိသူ သို့မဟုတ် လေသင်တုန်းဖြတ်ခဲ့ဖူးသူ၊  နှလုံးအမောဖောက်ခြင်းနှင့် ကြုံဖူးသူတို့အား နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း နှင့် ဆိုသော နှလုံးသွေးကြောကျဥ်းရောဂါမဖြစ်ပွားအောင်ကာကွယ် ခြင်းနည်းလမ်းတို့ အား အဓိကထားခြင်းဖြစ်သည်။ အပေါ်သွေးတက်ခြင်းတစ်မျိုးတည်းအတွက် ကုသခြင်းမှာမူ အလွန် စရိတ်ထိရောက်သော နည်းလမ်းဖြစ်သည်ကို သိရသည်။ မည်သို့ပင်ဖြစ်စေ ယင်းနည်းလမ်း သည် အရှေ့တောင်အာရှနိုင်ငံအများအပြားတွင် လူအများလက်လှမ်း မီနိုင်သည့်အကွာအဝေးအတွင်း မရှိသည်ကို တွေ့ရသည်။

ကျား၊မ နှင့် အသက်အရွယ်အထူးပြုရောဂါစစ်ဆေးမှုများသည် အစောပိုင်းကုသမှုအတွက် ရှားပါး ရင်းမြစ်များခွဲ‌ဝေးရေးတွင် အကူအညီဖြစ်စေနိုင်သည်။ ဗီယက်နမ်နိုင်ငံတွင် နှလုံးသွေးကြောကျဥ်း ရောဂါကာကွယ်ရေးအတွက် ရပ်ရွာအတွင်းတွင် သိရှိခြင်းမရှိသေးသော၊ ကုသရခြင်းမရှိသေးသော သွေးတိုးရောဂါတို့ကို စစ်ဆေးခြင်းနည်းဗျူဟာသည် စရိတ်ထိရောက်မှုရှိ သော နည်းလမ်းတစ်ခု ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အသင့်တော်ဆုံးနည်းလမ်းများထဲတွင်မူ နှလုံးသွေး ကြောကျဥ်းရောဂါ ကုသရေးအတွက် ဆေးဝါးကုထုံး၊ နှလုံးအမောဖောက်ခြင်းနှင့် လေသင်တုန်းဖြတ်ခဲ့ဖူးသူ များအား နှစ်သိမ့်ဆွေး‌‌‌နွေးပညာပေးခြင်းနည်းလမ်းတို့ကို ဖော်ပြထားသည်။ ပြင်းထန်သောလေသင် တုန်းဖြတ်ခြင်းနှင့် အဆစ်ရောင်အဖျားရောဂါ၊နှလုံးရောဂါတို့အား ကာကွယ်ရန် ဆေး၀ါးအဆင့်ဆင့်ဖြင့် ကုသမှုများတို့သည် အဖက်ဖက်တွင်ထိရောက်မှုရှိသော်လည်း ပိုမိုစရိတ်စကကြီးမားနေပြန်သည်။

လူ့အဖွဲ့အစည်းတစ်ခုအတွင်း သို့မဟုတ် ပဏာမကျန်းမာရေးစောင့်ရှောက်မှုပုံစံအတွင်း နှလုံးသွေးကြောကျဥ်းရောဂါနှင့် ပတ်သက်၍ အဓိကဖြစ်စေ၊ သာမညအားဖြင့်ဖြစ်စေ အထူးပြုတော့ မည်ဆိုလျှင် ဆေး၀ါးကုထုံးသည် ဦးစားပေးအချက်တစ်ခုအနေနှင့် ပါဝင်သင့်ပါသည်။ ရပ်ရွာအတွင်း ရောဂါစမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းသည် နှလုံးသွေးကြောကျဥ်းရောဂါဖြစ်နိုင်ခြေများနေခြင်း သို့မဟုတ် သိရှိခြင်းမရှိသေးသော နှလုံးသွေးကြောကျဥ်းရောဂါဖြစ်ပွားနေမှုများကို သိရှိနိုင်ရန် စရိတ်ထိရောက်မှုရှိသော နည်းလမ်းတစ်ခုဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ နှလုံးသွေးကြောကျဥ်း ရောဂါ ကာကွယ်ရန်အတွက် မီဒီယာများမှတစ်ဆင့် အသိပညာဖြန့်ဝေခြင်းသည်လည်း စရိတ်စက နည်းစေသဖြင့် ပထမဦးစားပေးအနေနှင့် ထည့်သွင်းစဥ်းစားသင့်ပါသည်။