Vietnam

Home / Sites / Vietnam

နိုင်ငံအခြေအနေ

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကူးစက်ရောဂါပျံ့ပွားခြင်းအပြောင်းအလဲကို ရုတ်တရက်ကြုံတွေ့ခဲ့ရသည့် ဗီယက်နမ်နိုင်ငံသည် အတော်အတန်ကြီးမားသည့် မကူးစက်ရောဂါပြဿနာနှင့်လည်းရင်ဆိုင်နေရသည်။ ၁၉၇၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ မကူးစက်ရောဂါများသည် ဗီယမ်နိုင်ငံတွင် အဓိက ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုမဟုတ် ခဲ့ပေ။  သို့သော်လည်း ထိုအချိန်မှစ၍ သိသာထင်ရှားသည့် ရောဂါအသွင်ပြောင်းလဲမှုများရှိခဲ့ပြီး မကူးစက်နိုင်သောရောဂါများက ကူးစက်ရောဂါများကို ကျော်လွန်ကာ သေဆုံးမှုများနှင့် ရောဂါဖြစ်ပွားမှုများ၏ အဓိအကြောင်းအရင်းဖြစ်လာခဲ့သည်။ အာဏာပိုင်များထံမှ ရရှိသော အချက်လက်များအရ မကူးစက်ရောဂါနှင့်ဆက်စပ်သော ရောဂါများကြောင့် ဆေးရုံတက်ရမှုနှုန်းမှာ ၁၉၈၆ ခုနှစ်တွင် ၃၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ထို့အတူ မကူးစက်ရောဂါများကြောင့်သေဆုံးမှုသည်လည်း ၁၉၈၆ ခုနှစ်တွင် သေဆုံးမှုအားလုံး၏ ၄၁ ရာခိုင်နှုန်းသာရှိခဲ့ရာမှ  ၂၀၁၂ ခုနှစ်တွင် ၆၈ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။

ပထမအကြိမ်လေ့လာမှုအရ ဗီယက်နမ်၏ အမျိုးသားရောဂါဝန်ထုပ်ဝန်ပိုး၏ ၇၁ ရာခိုင်နှုန်းမှာမကူးစက်ရောဂါများကြောင့် အဓိကဖြစ်သည်ဟု ခန့်မှန်းထားရာ ယင်းမှာ မသန်စွမ်းမှု၊ နှင့် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆုံးရူံးနိုင်သည့် ဘဝသက်တမ်း(DALYs) ၁၂.၃ သန်း နှင့်ညီမျှသည်။

မကူးစက်ရောဂါများက ဗီယက်နမ်နိုင်ငံတွင် သိသာထားရှားသည့် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာခဲ့သည်။ မသန်စွမ်းမှုနှင့် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆုံးရူံးနိုင်သည့် ဘဝသက်တမ်း(  DALYs) ဆုံးရှုံးရခြင်းမှာ အဓိကမကူးစက်ရောဂါအုပ်စုကြီး လေးခုကြောင့်ဖြစ်ပါသည်။  ယင်းမကူးစက်ရောဂါအုပ်စုလေးခုဖြစ်ကြသည့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာ၊ ဆီးချို နှင့် နာတာရှည်အဆုတ်ရောဂါတို့ကို ဗီယက်နမ်၏ ကျန်းမာရေးစနစ်တွင် အထူးအာရုံစိုက်လုပ်ဆောင်ခဲ့ရပြီးဖြစ်ပါသည်။

group exercise in community

သွေးတိုးရောဂါမှာ နာတာရှည်အခြေအနေဖြစ်ပြီး အဓိကဇီဝဖြစ်စဉ်အကြောင်းအရင်းတစ်ခုဖြစ်ကာ  နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေနှင့်ဆက်စပ်နေပါသည်။  ( WHO, 2013a)

ဗီယက်နမ်နိုင်ငံတွင် သွေးတိုးရောဂါသည် နာတာရှည်ရောဂါများအကြား အဖြစ်များဆုံးရောဂါတစ်ခုဖြစ်သည်။ ၂၀၀၁ ၊ ၂၀၀၂ ၊ ၂၀၀၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် အမျိုးသားအဆင့်စစ်တမ်းသုံးခုမှ တွေ့ရှိချက်များအရ သွေးတိုးရောဂါခံစားရသည့် လူဉီးရေပမာဏမှ သိသိသာသာ မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ဗီယက်နမ်အမျိုးသားအဆင့်ကျန်းမာရေးဆိုင်ရာ စစ်တမ်း( ၂၀၀၁-၂၀၀၂) ခုနှစ်အရ လူဉီးရေ၏ ၁၆.၉ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါခံစားနေရသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ ကိန်းဂဏန်းများသည် ၂၀၀၅ ခုနှစ်တွင်ကောက်ယူခဲ့သည့် အမျိုးသားအဆင့် အရွယ်ရောက်ပြီးသူများ အဝလွန်မှုစစ်တမ်းတွင် ၂၀.၇ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၂၅.၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။ အခြားသော  အသေးစားလေ့လာမှုများကလည်း ၁၆ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် အလားတူ ဆင်တူသော သွေးတိုးရောဂါခံစားနေရသူနှုန်းကို တွေ့ရှိခဲ့သည်။

ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ပန်ကရိယမှ အင်ဆူလင်ကို လုံလုံလောက်လောက်မထုတ်လုပ်နိုင်သည့်အခြေအနေ ( Type 1) (သို့) ထုတ်လုပ်လိုက်သည့် အင်ဆူလင်ကို ခန္တာကိုယ်မှ သေချာချာအသုံးမပြုနိုင်သောအခြေအနေမျိုး ( Type 2) တွင် ဖြစ်ပွားသည်ကိုတွေ့ရပါသည်။ အမျိုးသားအဆင့်လေ့လာမှုအရ ဗီယက်နမ်၏ ရောဂါဝန်ထုပ်ဝန်ပိုးများတွင် မသန်စွမ်းမှုနှင့် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆုံးရူံးနိုင်သည့် ဘဝသက်တမ်း( DALYs) စုစုပေါင်း၏ သုံးရာခိုင်နှုန်းမှာ ဆီးချိုရောဂါများကြောင့်ဟုဖော်ပြကာ အထူးသဖြင့် အမျိုးသမီးများတွင်  အရွယ်မတိုင်မီသေဆုံးမှုကိုဖြစ်စေနိုင်သည့် အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါသည်။ အမျိုးသားအဆင့်ကောက်ယူသော စစ်တမ်းနှစ်ခုအရ ဆီးချိုရောဂါရှိသူအချိုးအစားမှာ ၂၀၀၂ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်းရှိပြီး ၂၀၁၂ ခုနှစ်တွင် ၅.၄ ရာခိုင်နှုန်းဖြင့် နှစ်ဆမြင့်တက်လာခဲ့သည်။ ဆီးချိုရောဂါရှိစနှုန်းမှာ ၂၀၀၂ ခုနှစ်တွင် ၇.၇ ရာခိုင်နှုန်းမှ ၂၀၁၂ ခုနှစ်တွင် ၁၂.၈ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဆီးချိုရောဂါခံစားနေရသည့် ဗီယက်နမ်လူမျိုး ပေါင်း ၃.၄၂ သန်းရှိလာမည်ဟု ခန့်မှန်ထားပြီး ၎င်းက နှစ်စဉ် ဆီးချိုရောဂါခံစားနေရသူအရေအတွက် ၈၈,၀၀၀ နှုန်းတိုးပွားလာမည့် သဘောဖြစ်သည်။

ကျန်းမာရေး မူဝါဒ

ဗီယက်နမ်နိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုများအား လူအများ လက်လှမ်းမီလာစေရန် အတွက် အမျိုးသားကျန်းမာရေးအာမခံအစီစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အမျိုးသားကျန်းမာရေးအာမခံအစီစဉ်ကို နှစ် ၂၀ ကျော်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည့် အတွက် ဗီယက်နမ်အနေဖြင့် လူတိုင်းလက်လှမ်းမီလွမ်းခြုံနိုင်သည့် ကျန်းမာရေးကို ရောက်ရှိရန် အံ့ဩလောက်ဖွယ် သမိုင်းမှတ်တိုင်အတွေ့အကြုံများရှိခဲ့ပြီးဖြစ်ပါသည်။ အစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်တွင် လူဉီးရေ ၈၀ ရာခိုင်နှုန်းကို လွမ်းခြုံရန်ရည်ရွယ်ချက်နှင့်အတူ ၂၀၂၅ ခုနှစ်တွင် လူဉီးရေ၏ ၉၅ ရာခိုင်နှုန်း( လူနေရပ်ကွက်နှင့် မြို့နယ်ကျန်းမာရေးဌာန ၉၅ ရာခိုင်နှုန်းကို လွမ်းခြုံပြီး အခြေခံကျန်းမာရေးဝန်ဆောင်မှုများ၏ အကျိုးခံစားခွင့်များ ပေးရန် ) ကို လွမ်းခြုံနိုင်ရန်မျှော်လင့်ကာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင်  ကျန်းမာရေးအာမခံကို  စတင်မိတ်ဆက်ခဲ့သည်။ လုံလောက်သော ဝန်ထမ်း၊ အရင်းအမြစ်များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုများက လူများထံပိုမိုနီးစပ်လာမည်ဖြစ်ပြီး မကူးစက်ရောဂါစီမံခန့်ခွဲမှုများသည်လည်း လူမှုအသိုင်းဝိုင်းဝိုင်းအားလုံးအတွက် ရရှိနိုင်လာမည်ဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးအာမခံကို လူအများအား တိုးမြှင့်လွမ်းခြုံနိုင်စေခြင်းဖြင့် မကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီလာသည့် လူအရေအတွက်မှာလည်း တိုးပွားလာမည်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် ဝန်ကြီးချုပ်မှ ထုတ်ပြန်ခဲ့သည့် မကူးစက်ရောဂါကာကွယ်ထိန်ချုပ်ရေးအမျိုးသားမဟာဗျုဟာ( ၂၀၁၅-၂၀၂၅)တွင် မကူးစက်ရောဂါစီမံခန့်ခွဲမှုဝန်ဆောင်မှုများကို ပဏာမကျန်းမာရေးစောင့်ရှောက်မှု(PHC)တွင် ပါဝင်လာစေခြင်းက မကူးစက်ရောဂါများကိုထိန်းချုပ်ရာတွင် အဓိကကျသော မဟာဗျူဟာဖြစ်သည်ဟု ဆိုထားပါသည်။ အဆိုပါ မဟာဗျူဟာကို ဗီယက်နမ်တွင်  သွေးတိုးနှင့်ဆီးချိုရောဂါလူနာများ ရသင့်ရထိုက်သည့်  ကျန်းမာရေးအာမခံအမည်အောက်ရှိ လစဉ်ဆရာဝန်နှင့်တွေ့ဆုံမှုများ၊ ရောဂါရှာဖွေစမ်းသပ်မှုများ၊ ဆေးဝါးများနှင့် အကြံပေးဆွေးနွေးမှုများအပါအဝင် PHC မှ ထောက်ပံ့ပေးထားသောခံစားခွင့်များဖြစ်သော ပုံမှန်ပြင်ပလူနာဝန်ဆောင်မှုများကို ရရှိရန်အတွက် အသုံးချလုပ်ဆောင်ပါသည်။

လေ့လာမှုပြုလုပ်မည့် နေရာများ

Ninh Binh နှင့် Hai Phong တို့သည် ဗီယက်နမ်နိုင်ငံ၊ SUNI-SEA စီမံကိန်းအတွက် လေ့လာမှုပြုလုပ်ရန် ရွေးချယ်ထားသည့် နေရာများဖြစ်ပါသည်။ ယင်းတို့သည် ဗီယက်နမ် အရှေ့မြောက်ဒေသတွင် တည်ရှိသည့် အိမ်နီးချင်း ပြည်နယ်နှစ်ခုဖြစ်ပါသည်။

Ninh BinhHai Phong
လူဦးရေ (သန်းပေါင်းများစွာသော နိုင်ငံသားများ)၀.၉၈၂၂,၃၅၂
ခရိုင်အရေအတွက်ခရိုင်ပေါင်း ၈ ခု( ကျေးလက်ဒေသ ၆ ခုနှင့် မြို့ ပြ ၂ ခု)ခရိုင်ပေါင်း ၁၅ ခု ( ကျေးလက်ဒေသ ၈ ခုနှင့် မြို့ပြ ၇ ခု)
ကျေးလက်လူဦးရေ ရာခိုင်နှုန်း၇၉ ရာခိုင်နှုန်း၅၀ ရာခိုင်နှုန်း
မူလကျန်းမာရေးစောင့်ရှောက်မှုစနစ်:
(က)ခရိုင်အဆင့် (Mono-functional vs. dual functional) ၊
(ခ) မြို့နယ်အဆင့်
(ဂ) ရပ်ရွာအသိုင်းအဝိုင်းအဆင့်
(က) ရောနှောမှု ( နှစ်မျိုးအလုပ်လုပ်သည့် ခရိုင်ကျန်းမာရေးဌာန ၆/၈ ခု
(ခ)မြို့နယ် ကျန်းမာရေးဌာနများ
(ဂ)ကျေးရွာကျန်းမာရေးဝန်ထမ်းများ
(က) ရောနှောမှု (နှစ်မျိုးအလုပ်လုပ်သည့် ခရိုင်ကျန်းမာရေးစင်တာ ၅/၁၂ ခု )
(ခ)မြို့နယ်ကျန်းမာရေးဌာနများ
(ဂ)ကျေးရွာကျန်းမာရေးဝန်ထမ်းများ
ကိုယ်ထူကိုယ်ထ ISHCs အဖွဲ့များရှိမရှိရှိရှိ
မြို့နယ်ကျန်းမာရေးဌာနများရှိ ကျန်းမာရေးအာမခံအစီအစဥ်များ (CHSs)ရှိရှိ ( မြို့နယ်ကျန်းမာရေးဌာနများ၏ လက်ရှိပါဝင်မှု-( CHSs)
စီမံကိန်းအတွက် ရွေးချယ်ထားသည့် ခရိုင်စုစုပေါင်းခရိုင် ၄ ခု ( မြို့ပြဒေသ ၂ ခုနှင့် ကျေးလက် ဒေသ ၂ ခု)ခရိုင် ၃ ခု ( မြို့ပြဒေသ ၁ ခုနှင့် ကျေးလက်ဒေသ ၂ ခု)

ကူးစက်ရောဂါနှင့် လူနေမှုဘဝနောက်ခံ

Ninh Binh နှင့် Haiphong တို့သည် နိုင်ငံတွင်း လူဦးရေအများဆုံးဖြစ်ပြီး ပြည်နယ်လူဦးရေ၏ ၇၅ ရာခိုင်နှုန်း နှင့် ၅၀ ရာခိုင်နှုန်းခန့်တို့သည် ကျေးလက်ဒေသများတွင် အသီးသီးနေထိုင်ကြသည်။ မကူးစက်ရောဂါများဖြစ်ပွားမှုအပေါ် ပြည်နယ်အဆင့်အချက်လက်များမရှိသော်လည်း ၎င်းပြည်နယ်များတွင် လုပ်ဆောင်ခဲ့သည့် အခြားအသေးစားလေ့လာ မှုများအရ လေ့လာရေးနယ်ပယ်များတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှုန်း မြင့်မားမှုနှင့် ၎င်းနှင့်ဆက်စပ်သော ရောဂါဖြစ်ပွားနိုင်ခြေအကြောင်းအရင်းများကို ညွှန်ပြခဲ့သည်။

ပဏာမကျန်းမာရေးစောင့်ရှောက်မှုစနစ်/ပံ့ပိုးမှုများ 

  • ခရိုင်ကျန်းမာရေးစနစ်ပုံစံ : ဗီယက်နမ်နိုင်ငံရှိ ခရိုင်များတွင်  ရောဂါကုသခြင်းနှင့် ကာကွယ်တာဆီးခြင်းဆိုင်ရာ လုပ်ငန်းနှစ်ခုစလုံးကို တာဝန်ယူရသည့်   နှစ်မျိုးအလုပ်လုပ်သော ခရိုင်ကျန်းမာရေးစင်တာ(DHC)အများအပြားရှိနေစဉ် အခြားသောခရိုင်များမှာ ခရိုင်ဆေးရုံနှင့် ခရိုင်ကျန်းမာရေးစင်တာနှစ်ခုလုံး ထားရှိသည်ကိုတွေ့ရသည်။ လေ့လာမှုတွင် ဖော်ပြထားမှုအရ ခရိုင်အဆင့်ဝန်ဆောင်မှုများ၏ အဖွဲ့အစည်းကွဲပြားနေမှုများသည် မြို့နယ်ကျန်းမာရေးဌာနများစီမံခန့်ခွဲမှု (CHS) နှင့်  ပူးပေါင်း  ညှိနှိုင်း၍ ဒေသတွင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အခက်ခဲများဖြစ်ပေါ်စေသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် နှစ်မျိုးအလုပ်လုပ်နိုင်သော ခရိုင်ကျန်းမာရေးဌာနများ (DHCs) ရရှိနိုင်မှုသည် နယ်မြေရွေးချယ်ရာတွင် အဓိက အချက်ဖြစ် သက်မှတ်ထားပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းက ခရိုင်အတွင်း မကူးစက်ရောဂါများ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် စီမံခန့်ခွဲခြင်းများအတွက် ဘက်ပေါင်းစုံပြည့်စုံသောအစီအစဉ်ကို ဖြည့်ဆည်းရန်လိုအပ်သည့် ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုကို အာမခံသောကြောင့်ဖြစ်ပါသည်။
  • CHS ၌ ရောဂါပျောက်ကင်းရေးကုသခြင်း ဝန်ဆောင်မှုများကိုအခြေခံသည့် ကျန်းမာရေးအာမခံအကောင်အထည်ဖော်ခြင်း : ပထမဆုံးထိတွေ့ရသည့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများဖြစ်သော CHSs များသည် ရပ်ရွာအသိုင်းဝိုင်းအတွက် ပဏာမကျန်းမာရေးဝန်ဆောင်မှုများပေးရန် လုပ်ဆောင်ထားပါသည်။ ဗီယက်နမ်တွင် ကျန်းမာရေးအာမခံအစီစဉ်အောက်တွင် CHS ၌ နာတာရှည် မကူးစက်ရောဂါများအား ပုံမှန်ကုသမှုပေးခြင်းသည် ဗီယက်နမ်၏ဝန်ထုပ်ဝန်ပိုးများကို လျော့ချရန်အတွက် အဓိကကျသော မဟာဗျူဟာတစ်ခုအဖြစ် သက်မှတ်ထားပါသည်။ ယခုပြည်နယ်နှစ်ခုတွင် CHS အများစုသည် ကျန်းမာရေးအာမခံအခြေခံသော ဝန်ဆောင်မှုများပေးခြင်းအတွက် အဆင်ပြေသင့်လျော်ပါသည်။

လေ့လာရေးနယ်ပယ်အတွင်းမှ ရပ်ရွာအခြေပြုဝန်ဆောင်မှုများ  

Intergenerational Self-Help Club (ISHC) ပုံစံမှာ သက်ကြီးများကို အဓိကထားသည့်  ရပ်ရွာအခြေပြု လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ပြီး ၎င်းတို့ရပ်ရွာအသိုင်းဝိုင်းထဲရှိသက်ကြီးများ၏ အသက်မွေးဝမ်းကြောင်းနှင့်အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံတွင် ISHC ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးချုပ်မှ ISHC များ နိုင်ငံတဝန်းဖွဲ့စည်းရာတွင် ဒေသခံအာဏာပိုင်များအနေဖြင့်  ဘဏ္ဌာငွေခွဲဝေချထားပေးရန်လိုအပ်သည်ဟူသော ဆုံးဖြတ်ချက် 1533/QĐ-TTG ကို ထုတ်ပြန်ကြေညာခဲ့သည်။ စုပေါင်းအဖွဲ့အစည်းများနှင့် ပြည်တွင်းအေဂျင်စီများဖြစ်သော Father Front Land ၊ အမျိုးသမီးမသမဂ္ဂများ(သို့) သက်ကြီးအဖွဲ့အစည်းများက အဆိုပါဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် ဉီးဆောင်သွားမည်ဖြစ်သည်။ Hai Phong နှင့် Hai Duong တို့မှာ ယင်းပုံစံကို လက်ခံကျင့်သုံးမည့် ဉီးဆောင်ပြည်နယ်များတွင် ပါဝင်ပါသည်။ ပြည်နယ်တစ်ခုချင်းစီတွင်လည်း ISHC အဖွဲ့အစည်းများစွာရှိသည်။( Hai Phong တွင် ISHC  ၆၅ ဖွဲ့၊ Hai Duong တွင် ISHC ၅၁ ဖွဲ့)

ကျန်းမာရေးစောင့်ရှောက်မှုတွင် ဒေသခံကျန်းမာရေးဝန်ဆောင်မှုများနှင့် ISHC တို့ကြားစုပေါင်းညှိနှိုင်း ဆောင်ရွက်မှုမှ တဆင့် ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်ရပ်ကို  ISHC က ပံ့ပိုးပေးထားပါသည်။ ၎င်းတို့အနေဖြင့် ဗော်လန်တီယာများမှ တဆင့် အိမ်တိုင်ရာရောက်ပြုစု စောင့်ရှောက်ပေးခြင်း(သို့) အချို့သောအခြေအနေများတွင် ပြုစုစောင့်ရှောက် ပေးသူများကို ငွေကြေးပေးချေခြင်းတို့ဖြင့် လုပ်ဆောင်ပါသည်။ စနစ်တကျဖွဲ့စည်းထားသည် လူမှုအဖွဲ့အစည်းများရှိသည့် လေ့လာရေးပြုလုပ်မည့်နေရာများ ရွေးချယ်ခြင်းသည် နောက်ကြောင်းပြန်နှင့်ရှေ့ဆက်လေ့လာမှုများ တသတ်မတ်တည်း ဖွံ့ဖြိုးလာစေရန်နှင့် အရှိန်မြှင့်တင်စေရန်အတွက် သေချာစေသည့်  အရေးကြီးသောအခြေခံအုတ်မြစ်ဖြစ်ပါသည်။

အကောင်အထည်ဖော်ရေးမိတ်ဘက်များ

ဗီယက်နမ်တွင် သုသေတသနကိုဉီးဆောင်လုပ်ကိုင်သည့် အဖွဲ့များတွင် Health Strategy and Policy Institute, Thai Nguyen University of Medicine and Pharmacy နှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ ဗီယက်နမ်ရုံးတို့ပါဝင်ပါသည်။ အသင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ ၊ ဗီယက်နမ်လူမှုဖူလုံရေး၊ ဗီယက်နမ်သက်ကြီးအဖွဲ့စည်းတို့သာမက ပြည်နယ်ဆိုင်ရာကျန်းမာရေးဌာန၊ လူမှုအဖွဲ့အစည်း( ဉပမာ- သက်ကြီးအဖွဲ့အစည်း)ကဲ့သို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားပါမည်။

Resources:
Vietnam Ministry of Health, Health statistics yearbook 2013. 2014, Hanoi: Medical Publishing House.
Ngo, D.A., et al., Mortality patterns in Vietnam, 2006: Findings from a national verbal autopsy survey. BMC Research Notes, 2010. 3(1): p. 78.
Vietnam Ministry of Health and Health Partnership Group, Joint Annual Health Review 2014: Strengthening prevention and control of non-communicable disease, in Joint Annual Health Review. 2015, Vietnam Ministry of Health: Hanoi.
World Health Organization, Global action plan for the prevention and control of noncommunicable diseases 2013-2020. 2013, World Health Organization: Geneva.
Vietnam Ministry of Health, Vietnam national health survey 2001–2002. 2003, Vietnam Ministry of Health: Hanoi.
Do, H.T., et al., National prevalence and associated risk factors of hypertension and prehypertension among Vietnamese adults. Am J Hypertens, 2015. 28(1): p. 89-97.
Son, P.T., et al., Prevalence, awareness, treatment and control of hypertension in Vietnam – Results from a national survey. J Hum Hypertens, 2012. 26(4): p. 268-80.
Minh, H.V., et al., Risk factors for chronic disease among rural Vietnamese adults and the association of these factors with sociodemographic variables: Findings from the WHO STEPS survey in rural Vietnam, 2005. Preventing Chronic Disease, 2007. 4(2): p. A22.
Pham, L.H., et al., Prevalence of risk factors for non-communicable diseases in the Mekong Delta, Vietnam: Results from a steps survey. BMC Public Health, 2009. 9(291).
Duc, H.A., et al., Prevalence, awareness, treatment, and control of high blood pressure: A population-based survey in Thai Nguyen, Vietnam. PLoS ONE, 2013. 8(6).
Nhung, N.T.T., et al., Estimation of Vietnam national burden of disease 2008. Asia-Pacific Journal of Public Health, 2013. 20(10): p. 1-9.
National Hospital of Endocrinology, National program on diabetes control and prevention. 1st ed. 2002, Hanoi: Medical Publisher.
National Hospital of Endocrinology, National program on diabetes control and prevention 2nd ed. 2012, Hanoi: Medical Publisher.
Shaw, J.E., R.A. Sicree, and P.Z. Zimmet, Global estimates of the prevalence of diabetes for 2010 and 2030. Diabetes Research and Clinical Practice, 2010. 87(1): p. 4-14.