Sites and selection criteria

Home / Sites / Sites and selection criteria

တည်နေရာများနှင့် သတ်မှတ်စံနှုန်းများ

အင်ဒိုနီးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်တို့တွင် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုသည် စုစုပေါင်းသေဆုံးမှုများ၏ ၆၈ မှ ၇၇ ရာခိုင်နှုန်းအထိရှိလာပြီး ရောဂါဖြစ်ပွားမှုများမြင့်တက်လာနေသည်။ လက်ရှိတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေဖွယ်ရှိသည့် လူဦးသုံးလျှင်တစ်ဦးကို သာလျှင် ကျန်းမားရေးဝန်ဆောင်မှုများကို ရောက်ရှိနိုင်ပြီး အဆိုပါသုံးနိုင်ငံစလုံးတွင် လိုအပ်မှုများစွာရှိနေသည်။

ရောဂါဖြစ်ပွားနိုင်ဖွယ်ရှိသည့် လူများထံ ပိုမိုရောက်ရှိခြင်း ဖြင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများကို အံ့သြဖွယ်လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် မကူးစက်နိုင်သည့်ရောဂါများကာကွယ်ကုသရေးအပေါ် သင့်တင့် သောရင်းနှီးမြုပ်မှုကိုအခြေခံသော စီးပွားရေးအကျိုးအမြတ်အတွက် အလာလာကောင်းများစွာရှိပါသည်။

SUNI-SEA သုတေသနသည် ရလဒ်သည် ဆက်စပ်ပြီး အားလုံးပါဝင်သော ပုံစံဖြစ်သည်။ သုတေသနစီမံ ကိန်းများအတွက် စံနှုန်းသတ်မှတ်ချက်များတွင် ကူးစက်ရောဂါပျံပွားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာလေ့လာခြင်း၊ လူဦးရေ စစ်တမ်းစသည့် အစိတ်အပိုင်းများအားလုံးပါဝင်သည်။ နိုင်ငံတစ်ခုချင်းစီအနေဖြင့် မြို့ပြနှင့် ကျေး လက်နောက်ခံနှစ်ခုလုံးပါဝင်သည့် သုတေသနနေရာများရွေးချယ်ရန်ဖြစ်ပါသည်။ အဆိုပါနယ်ပယ်များသည် မကူးစက်နိုင်သောရောဂါဖြစ်ပွားနှုန်းများပြားနိုင်သည့် လူနည်းစုများနှင့် အထူးလူအုပ်စုများပါဝင်သောနယ်ပ ယ်များ ဖြစ်သင့်သည်။

အဆိုပါရွေးချယ်ထားသော  ဒေသ(သို့) ပြည်နယ်များရှီ လူဦးရေသည် ၂.၅-၃ သန်း ဝန်ကျင်ခန့်ရှိရမည်ဖြစ်သည်။ သုတေသန နေရာများသည် ဒေသတစ်ခုအတွင်း ၂ မြို့နယ်မှ ၃ မြို့နယ်အထိ တိုးချဲ့လုပ်ဆောင်သင့်သည်။

အဆိုပါသုံးနိုင်ငံအနေဖြင့် အစိုးရပြည်သူ့ ကျန်းမားရေးဝန်ဆောင်မှုများနှင့် သာမက ISHCs ( ဗီယက်နမ်)၊ ISHGs ( မြန်မာ) ၊ Posbindu ( အင်ဒိုနီးရှား) ကဲ့သို့ လူမှုအဖွဲ့စည်း (သို့) လူမှု့အခြေပြုကျန်းမားရေးနှင့် အဖွဲ့စည်းများနှင့် ချိတ်ဆက်မှုရှီသည့် နေရာများကို ရွေးချယ်ထားပြီးဖြစ်ပါသည်။်