Cost-effectiveness

Home / Project / Cost-effectiveness

သွေးတိုးနှင့် ဆီးချိုရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ဆောင်ချက် များအား အရှိန်မြှင့်တင်ခြင်း၏ စရိတ်ထိရောက်မှု

ယခုလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှားနိုင်ငံတို့၌ သွေးတိုးနှင့် ဆီးချိုရောဂါကာ ကွယ်ထိန်းချုပ်မှုအတွက် အလုံးစုံ အရှိန်မြှင့်တင်ရေးအစီအစဉ်များနှင့် လက်ရှိလုပ်ဆောင်ဆဲ ဆောင်ရွက် ချက်တို့အပေါ် စရိတ်ထိရောက်မှုဆိုင်ရာ စိစစ်ပိုင်းခြားမှုများအား လုပ်ဆောင်ရန်အတွက် ဖြစ်သည်။  ယင်းသည် လိင်၊ အသက်အရွယ်၊ ဝင်ငွေ အလိုက် မတူညီသည့် အမျိုးမျိုးသော အကျိုးခံစားခွင့်ရှိသူများကြား၌ စရိတ်ထိရောက်မှု၏ ကွဲပြားခြားနားမှုများအား ခွဲခြားဖော်ထုတ်မည်ဖြစ်သည်။ ထို့အတူ အရှိန်မြှင့်တင်ရေးလုပ် ငန်းစဉ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများနှင့် လူ့အဖွဲ့အစည်းအုပ်စုတို့ကြား၌ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်မြောက်ရေးအတွက် အရေးပါသော အောင်မြင်မှုဆိုင်ရာအချက်များကိုလည်း ခွဲခြားဖော်ထုတ်ဉီးမည်ဖြစ် သည်။  ယခု ဆန်းစစ်လေ့လာချက်သည် ရပ်ရွာ၊ အဖွဲ့အစည်း၊ ပရိုဂရမ်တို့နှင့် ပြောင်းလဲနေသော ပတ်ဝန်းကျင်ကြားမှ ဆက်နွှယ်မှုတို့အား ရှင်းရှင်းလင်းလင်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။  ကျန်းမာရေးဆိုင်ရာရလဒ်တို့အပေါ်  အပြုသဘောဆောင်သည့် သက်ရောက်မှုအမြင့်ဆုံးရရှိစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေမည်မျှအသုံးပြုနိုင်သည်ကို စုံစမ်းရန် စရိတ်ထိရောက်မှုဆိုင်ရာချဉ်းကပ်မှု တစ်ခုကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။

ကုန်ကျစရိတ်၊ စုဆောင်းမှု၊ ကျန်းမာရေးအကျိုးကျေးဇူးများကို အတတ်နိုင်ဆုံးခန့်မှန်းပြီး ကုန်ကျစရိတ်နှင့် ကျန်းမာရေးသက်ရောက်မှုတို့အား အခြေပြုခြင်းဖြင့် မတူညီသောလုပ်ဆောင်ချက်များအား မည်သို့ နှိုင်းယှဉ် ချင့်ချိန်ရမည်ကို ဖော်ပြထားသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အတိုင်း SUNI-SEA အနေနှင့် ယေဘူယျစရိတ်ထိရောက်မှုစိစစ်ခွဲခြားမှုကို  အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်သည်။  နိုင်ငံတစ်နိုင်ငံချင်းစီ နှင့် လုပ်ဆောင်ချက်တစ်ခုချင်းစီအား (အရှိန်မြှင့်တင်ရေးအစီအစဉ်တစ်ခုလုံးအား ဆန်းစစ်လေ့လာခြင်းအတွက်) သီးခြားစီ တန်ဖိုးဖြတ်ခြင်းတို့ကို နှိုင်းယှဉ်မှုမြင့်တက်လာစေရန် ယခုနည်းစနစ်အား အသုံးပြုကြသည်။  နမူနာပုံစံချဉ်းကပ်မှုနှင့် လက်တွေ့နှိုင်းယှဉ်လေ့လာချဉ်းကပ်မှုဟု ခေါ်ဆိုသော အလုံးစုံအရှိန်မြှင့်တင်ရေး/ လုပ် ဆောင်ခြင်း နှင့် တစ်စုံတစ်ရာမှ မလုပ်ဆောင်ခြင်း ဆိုသည့် စိတ်မှန်းခန့်မှန်းချက်ကြားမှ နှိုင်းယှဉ်မှုအား ဖြစ်ပေါ် စေသည့် မတူညီသောနည်းစနစ်နှစ်ခုတို့ကို ကျွန်ုပ်တို့ဘက်မှ အသုံးပြုသွားမည်ဖြစ်သည်။  ဖြစ်နိုင်ပါက လုပ်ဆောင်ချက်များ၏ စရိတ်ထိရောက်မှု ဆန်းစစ်လေ့လာချက်အား နိုင်ငံသုံးနိုင်ငံထဲမှ ရှိပြီးသား အချက်အလက်ကောက်ယူရေးစနစ်များမှတစ်ဆင့် ရရှိနိုင်သည့် သင့်တော်သောအချက်အလက်များအား နက်နက်နဲနဲ ဆန်းစစ်လေ့လာမှုအပေါ် အခြေခံသွားမည်ဖြစ်သည်။  အလုံးစုံအဆင့်မြှင့်တင်ရေး၏ စရိတ်ထိရောက်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် သင့်တော်သည့် သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုအား ပြီးမြောက်စေမည်ဖြစ်သည့် အဆင့်မြှင့်ချဲ့ထွင်ထားသည့် အချက်အလက်စုဆောင်ရေးစနစ်တို့ထံမှလည်း အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။  အဆင့်အားလုံးအား တန်ဖိုးဖြတ်ချင့်တွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ ပညာရပ်အသုံး အနှုန်း၊ ဉီးစားပေးမှုတို့နှင့်အညီ အလုံးစုံအကဲဖြတ်မှုစနစ်တစ်ခုအတွင်းမှ လိင်နှင့်တန်းတူညီမျှရှိမှု ရှုထောင့်များ အစရှိသည့် အခြားသော ကျန်းမာရေးစနစ်၏ ရည်မှန်းချက်များကိုလည်း ယခုစီမံကိန်းအတွင်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။

လေ့လာမှု၏အပိုဒ်အလိုက် အထူးလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အပိုဒ် (က)။ ရှိနှင့်ပြီး လုပ်ဆောင်ချက်များနှင့် ကနဉီး အဆင့်မြှင့်တင်မှုများအား နောက်ကြောင်းပြန်လေ့လာမှု   

  • နိုင်ငံသုံးနိုင်ငံမှ လုပ်ဆောင်ချက်များ၏ နောက်ကြောင်းပြန် စရိတ်ထိရောက်မှု လေ့လာဆန်းစစ်ချက် ( အဆင့်မြှင့်တင်မှု မတိုင်မီ ကနဉီး) နှင့် ရရှိနိုင်သည့် သင့်တော်သော အချက်အလက်များအား ခြေခြေမြစ်မြစ်လေ့လာဆန်းစစ်ခြင်း။ ထိုကာလအတွင်း သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် အမျိုးမျိုးသော ပုဂ္ဂိုလ်များထံမှ သက်ဆိုင်သည့် အချက်အလက်များအား ကောက်ယူသွားမည်ဖြစ်သည်။

အပိုဒ် (ခ)။ အခြေခံလေ့လာဆန်းစစ်မှု 

  • အမျိုးမျိုးသော လုပ်ဆောင်ချက်တို့၏ စရိတ်ထိရောက်မှုဆိုင်ရာ စိစစ်ပိုင်းခြားမှုရလဒ်ကို သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြပေးမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ယင်းအဖွဲ့က လုပ်ဆောင်ချက်များအား တစ်နိုင်ငံလုံးအတိုင်းအတာအထိ မည်သို့ အဆင့်မြှင့်တင်မည်နှင့် မည်သည့် အပြောင်းအလဲများ ထည့်သွင်းပေးရန် လိုအပ်သည်တို့ကို စဉ်းစားဆုံးဖြတ်မည်ဖြစ်သည်။ အလုံးစုံ အဆင့်မြှင့်တင်မှုဆိုင်ရာ စရိတ်ထိရောက်မှု၏တန်ဖိုးဖြတ်ချင့်တွက်မှုအတွက် အသုံးပြုမည့်စနစ်ကို လည်း ဆုံးဖြတ်သွားမည်ဖြစ်သည်။ ရှေ့လာမည့်အရေးတွင် အချက်အလက်များ ရရှိရေးအတွက် စောင့်ကြည့်ရေးနှင့် စာရင်းပြုစုရေးစနစ်များကိုလည်း ဆွေးနွေးရွေးချယ်ပြီး နောက်ပိုင်းတွင် အသေးစိတ်ဒီဇိုင်းဆွဲမှုများကို ပြုလုပ်မည်ဖြစ်သည်။

အပိုဒ် ဂ ။ မွမ်းမံထားသောအဆင့်မြှင့်တင်မှုများအပေါ် ရှေ့လာမည့်လေ့လာမှုနှင့် နောက်ဆက်တွဲ တိုင်းတာမှုများ   

  • နောက်ဆက်တွဲ ချင့်ချိန် ဆုံးဖြတ်မှုတွင် အမျိုးမျိုးသော ကျန်းမာရေးစီမံကိန်းများအားလုံး၊ အသုံးစရိတ် များအား ဘက်စုံအသုံးချနိုင်မှု၊ အသုံးစရိတ်ထိရောက်မှု တို့ကို စိစစ်ခွဲခြမ်းသွားမည် ဖြစ်သည်။ စောင့်ကြည့်ရေး၊ စာရင်းပြုစုရေးစနစ်များနှင့် အချက်အလက်ကောက်ယူမှုများကိုလည်း စတင်သွားမည်ဖြစ်သည်။ စောင့်ကြည့်ရေးနှင့် ဖြစ်နိုင်ပါက သုတေသန လုပ်ဆောင်ချက်နှစ်မျိုးစလုံးကို အသုံးပြုသွားမည်ဖြစ်သည်။

အပိုဒ် ဃ ။ မူဝါဒအတွက် သင်ခန်းစာရေးဆွဲခြင်း  

  • o သက်ဆိုင်သော တာဝန်ရှိသူတို့နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် သုတေသီတို့က စိစစ်ခွဲခြမ်းမှု၏ ရလဒ်ကို တင်ပြသွားမည်ဖြစ်သည်။ ရလဒ်များကို ဆွေးနွေးပြီး ဖြစ်လာနိုင်ခြေရှိသည့် သက်ရောက်မှု များကို အတိအလင်းစဉ်းစားသွားမည်ဖြစ်သည်။ အဆင့်အမျိုးမျိုးရှိသော သက်ရောက်မှုများကို ဆန်းစစ်လေ့လာသွားမည်ဖြစ်ပြီး ယင်းတို့ထဲတွင် အဆင့်မြှင့်တင်မှု၌အကျုံးဝင်မှု၊ ရောဂါဖြစ်ပွားနိုင်ခြေအကြောင်းအချက်တို့၏ အလားအလာများ၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချိုနှင့် အခြား ထပ်တိုးရောဂါဖြစ်ပွားမှုများ၊ Disability-adjusted life years (DALYs) ၊ Quality-adjusted life years (QALYs) နှင့် မျှတ၊ ခန့်ခွဲမှုဆိုင်ရာ သက်ရောက်မှုများ တို့ ပါဝင်သည်။
  • o စရိတ်ထိရောက်မှုဆိုင်ရာ စိစစ်ခွဲခြားမှုအတွက် ရှိနှင့်ပြီးသော WHO လမ်းညွှန်ချက်၏ မှတ်ချက်နှင့် နောက်ဆုံးရအချက်အလက်များကိုလည်း ထုတ်ပြန်သွားမည်ဖြစ်သည်။

Work package leader:
Prof Robert Lensink
Faculty of Economics and Business, University of Groningen
Phone:
+31 50 36 33712 / +31 50 36 33685 (Secretary)
Email:  b.w.lensink@rug.nl