Ambitions

Home / Project / Ambitions

SUNI-SEA ၏ ရည်မှန်းချက်များ

SUNI-SEA ၏ ပထမဆုံးရည်မှန်းချက်မှာ ကာကွယ်ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ လူမှုအသိုင်းအဝိုင်းနှင့်ကျန်းမာရေးဝန်ဆောင်မှုအားပေါင််းစပ်ရေးလုပ်ငန်းများကိုပြီးပြည့်စုံသောအစီအစဉ်တစ်ခု တည်းတွင် ပေါင်းစပ်ရန်ဖြစ်ပါတယ်။ မကူးစက်နိုင်သောရောဂါ(NCD)နှင့် ပတ်သက်သည့် လှုပ်ရှားမှုအများစုသည် စာတွေ့၌သာဖော်ပြကြပြီး အစိတ်အပိုင်းတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်သောကြောင့် သက်ရောက်မှုမှာ အကန့်အသတ်နှင့် ဖြစ်နေသည်။ စီမံကိန်း၏ ရည်မှန်းချက်မှာ စုပေါင်းညှိနိူင်းဆောင်ရွက်မူများကြောင့် ကျန်းမာရေးရလဒ်များအား တိုးတက်စေသည်ဆိုခြင်းကို ပြသရန် ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်သည့် မကူးစက်ရောဂါကာကွယ်ရေးများကို လူမှုအသိုင်း အဝိုင်းထဲတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုအား ပံ့ပိုးမှုနှင့်အတူ ရပ်ရွာအသိုင်းအဝိုင်းထဲမှ ရောဂါြဖစ်ပွားနိုင်ခြေရှိသူများကို ကျန်းမာရေးစောင့်ရှောက်သည့်ဝန်ဆောင်မှု များထံလမ်းညွှန်ပေးခြင်း ၊  ရောဂါြဖစ်ပွားနိုင်ခြေများကို လျှော့ချရန် နောက်ဆက်တွဲကုသမူများအတွက် ကျန်းမာရေးဝန်ဆောင်မူများထံမှ လူမှုအသိုင်းဝိုင်းများသို့ သေသေချာချာနှင့် ပိုမိုတုံ့ပြန်သည့် လမ်းညွှန်မှုများပေးခြင်းဖြင့် ကျန်းမာရေးရလဒ်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေပါလိမ့်မည်။

စီမံကိန်း၏ ဒုတိယရည်မှန်းချက်မှာ ယခင်က ရောဂါရှာဖွေမှုထဲတွင် မပါခဲ့သည့် သွေးတိုးနှင့် ဆီးချိုရောဂါ ခံစား နေရသည့် လူနာအရေအတွက် အား ပိုမိုသိရှိနိုင်စေရန်ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ မြန်မာနှင့် ဗီယက်နမ်တို့တွင် အဆိုပါရောဂါများဖြစ်ပွားနိုင်ခြေရှိသူများသည် လူဦးရေ၏ သုံးပုံတစ်ပုံခန့်ကို ရောက်ရှိနေကြပြီဖြစ်သည်။  လူအများစုမှာ ထိုအန္တရာယ်ကို သတိမပြုမိကြဘဲ ရောဂါဖြစ်လာမှသာလျှင် အကူအညီရယူလေ့ရှိကြသည်။ လူမှုအသိုင်းအဝိုင်းများထဲတွင် အသိပညာမြှင့်တင်ခြင်း၊ စောစီးစွာရောဂါရှာဖွေထောက်လှမ်းခြင်းနှင့် ဆေးရုံဆေးခန်းများသို့ အချိန်မီလမ်းညွှန်ပေးခြင်းသည် ရောဂါဖြစ်ပွားသူများကို ပိုမိုတွေ့ရှိလာနိုင်ပြီး ကြီးကြီးမားဆေးကုသရမှုများကို ရှောင်ကြဉ်နိုင်ရေးအတွက် အလွန်ပင်အရေးကြီးလှပါသည်။ ဆန်းသစ်တီထွင်မှုများဖြစ်သည့် မိုဘိုင်းဖုန်းကျန်းမာရေးအက်ပလီကေးရှင်းများ ၊ ကိုယ်ထူကိုယ်ထ လူမှုအားမာန်အဖွဲ့များမှ ကိုယ်တိုင်ကိုယ်ကျစီမံခန့်ခွဲမှုများဖြင့် စီမံကိန်း၏ ရည်မှန်းချက် ပြည့်မီရန် ကူညီပေးနိုင်ပါသည်။ စီမံကိန်းအနေဖြင့် ကျေးရွာအဆင့်မှ လူများကို လုပ်ပိုင်ခွင့်ပေးခြင်း ၊  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် မကူးစက်ရောဂါကာကွယ်ရေးကို ချိတ်ဆက်စေခြင်း နှင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချခြင်းတို့သည် ကျန်းမာရေးရလဒ်များနှင့် အသက်ရှည်ကျန်းမာခြင်းအပေါ် သက်ရောက်မှုများရှိလိမ့်မည် ဖြစ်ပါသည်။

တတိယရည်မှန်းချက်မှာ နိုင်ငံတကာလမ်းညွှန်ချက်များ၊ ပစ္စည်းကိရိယာများကို ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် ကူညီနိုင်စေရန်ဖြစ်သည်။ ရှေ့ပြေးနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်တို့မှ ရရှိလာသည့် သင်ခန်းစာယူစရာများကို အခြားသော အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင်ပါ အကောင်အထည် ဖော်ကျင့်သုံးနိုင်သည်ဟု အကျိုးတူအဖွဲ့အစည်းများက စဉ်းစားကြသည်။ GACD နှင့် အခြားသောကွန်ရက်များမှ တဆင့် ထိန်းသိမ်းထားသော အဆက်အသွယ်များမှနေ၍ ယခုနယ်ပယ်ထဲမှ နိုင်ငံတကာသုတေသနကွန်ရက်ကို  အကျိုးတူအဖွဲ့အစည်းအနေဖြင့် ဖြည့်ဆည်းပံ့ပိုးမှုများပေးသွားမည်ဖြစ်သည်။