Core concept

Home / Project / Core concept

SUNI-SEA ၏ ပင်မသဘောထား

SUNI-SEA ၏ အဓိကရည်ရွယ်ချက်မှာ မကူးစက်နိုင်သော ရောဂါများ (NCDs) အား ကာကွယ်ထိန်းချုပ်ရာ၌ လူ့အဖွဲ့အစည်း၏လှုပ်ရှားမှုများနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုတို့ကြားတွင် ချိတ်ဆက်လုပ်ဆောင် နိုင်စေရန် ဖြစ်သည်။

ယခုစီမံကိန်းမှ အဓိက အာရုံစိုက်လုပ်ဆောင်သွားမည့်အချက်များမှာ –

  1. လူ့အဖွဲ့အစည်း၏ လှုပ်ရှားမှုများ – ယင်းလှုပ်ရှားမှုများထဲတွင် ကျန်းမာရေး တိုးတက်စေရန်လုပ်ဆောင်မှုများနှင့် ဘ၀နေထိုင်မှုတို့ အပြင် မကူးစက်နိုင်သော ရောဂါများအား ရပ်ရွာအဖွဲ့အစည်းအတွင်း၌ ဖြစ်စေ၊ စေတနာ့ဝန်ထမ်းများမှဖြစ်စေ ရှာဖွေစစ်ဆေးခြင်းတို့ ပါဝင်သည်။
  2. ပဏာမကျန်းမာရေးစောင့်ရှောက်မှု (PHC) လုပ်ဆောင်ပေးခြင်း – ယင်းလုပ်ဆောင်ချက်သည် ကျန်းမာရေးဆိုင်ရာအဆောက်အအုံများအတွင်း အစောပိုင်းရောဂါစစ်ဆေးမှုနှင့် ကျန်းမာရေးဆိုင်ရာကုသမှုများအား အလေးပေးအာရုံစိုက်ခြင်းဖြစ်သည်။
  3. အပြန်အလှန်အကျိုးပြုမှု – ဘ၀နေထိုင်မှုပုံစံပြောင်းလဲမှုများဖြစ်လာနိုင်စေရေးအတွက် တန်ပြန်လမ်းညွှန်မှုများ၊ ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှုများအတွက် လမ်းညွှန်မှုများ ပေးရန်  လူ့အဖွဲ့အစည်းနှင့် ကျန်းမာရေးအဆောက်အအုံများကြားမှ အပြန်အလှန်သက်ရောက်မှုများကို ဆိုလိုသည်။

ယခုအချက်သုံးချက်အား အထောက်အကူဖြစ်စေသည့် သို့မဟုတ် အဟန့်အတားဖြစ်စေသည့် အချက်များကိုလည်း စီမံကိန်းအတွင်း လေ့လာသွားမည်ဖြစ်သည်။ အောက်တွင်ဖော်ြပထားသော ကားချပ်ပုံစံ သည်အင်ဒိုနီးရှား၊မြန်မာ၊ဗီယက်နမ်တို့၌ရှိသောစီမံကိန်းထဲမှ ကျွန်ုပ်တို့၏အဓိက အာရုံစိုက်မှုဗဟိုချက်ကို ထင်ဟပ်နေသည်။

SUNI-SEA စီမံကိန်းသည် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ် တို့ရှိ လုပ်ဆောင်နေဆဲ အစီအစဉ်များကို လေ့လာသွားမည်ဖြစ်သည်။ လိုအပ်မှုရှိပါက ဥပမာအားဖြင့် စွမ်းဆောင်မှုမြှင့်တင်တည်ဆောက်ရေးအစရှိသည် တို့မှတစ်ဆင့် အစီအစဉ်အကောင်အထည်ဖော်ရေးအား အားကောင်းစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

အင်ဒိုနီးရှား

မကူးစက်နိုင်သော ရောဂါများအား ကာကွယ်ထိန်းချုပ်ရန်အတွက် ရပ်ရွာအခြေပြုလုပ်ဆောင်မှုများ 

  • Posbindu ဆိုသည်မှာ အသက် ၁၅ နှစ် နှင့် အထက်ရှိသူများအတွက် ရည်ရွယ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ အစီအစဉ်၏ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်းလုံးမှ မကူးစက်နိုင်သော ရောဂါနှင့် ပတ်သက်သည့် အန္တရာယ်ဖြစ်စေနိုင်သော အချက်အချို့အား သိရှိဖော်ထုတ်နိုင်ရန် ဖြစ်သည်။ လူများကို စမ်းသပ်စစ်ဆေးပြီး အကယ်၍ သွေးတိုးနှင့် ဆီးချိုဖြစ်ကြောင်း တွေ့ရှိပါက ကျန်းမာရေး ဌာနများသို့ ညွှန်ပြပေးမည်ဖြစ်သည်။ ယခုအစီအစဉ်အား လူ့အဖွဲ့အစည်းများအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ‘စားပွဲငါးလုံး’ ဖြင့် စမ်းသပ်စစ်ဆေးမှုများ၊ စစ်ဆေးချက်ထွက်ပေါ်လာပြီးနောက် နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။ ရပ်ရွာအတွင်းမှ ကျန်းမာရေးဆိုင်ရာစေတနာ့ဝန်ထမ်းများက ယခုဝန်ဆောင်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။
  • Posyandu Lansia ဆိုသည်မှာ လူဉီးရေ၏ ၁၂ ရာခိုင်နှုန်းခန့် သို့မဟုတ် ၂.၅ သန်း ပမာဏရှိသော သက်ကြီးများကို ရည်ရွယ်ပြီး ကျန်းမာရေးထောက်ကူမှုများ၊ လမ်းညွှန်ဝန်ဆောင်မှုများ ပံ့ပိုးခြင်း နှင့် အတူ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ (ADL) အားစမ်းသပ်စစ်ဆေးမှုများပြုလုပ်သည့် အစီအစဉ်ဖြစ်သည်။ ယင်းကို ပဏာမကျန်းမာရေးစောင့်ရှောက်လုပ်ဆောင်ပေးခြင်း နှင့် ရပ်ရွာအခြေပြုလုပ်ဆောင်မှုတို့အား စုပေါင်းညှိနှိုင်းဆောင်ရွက်နေသည့် Puskesmas မှ ကြီးကြပ်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၊ အမာခံအဖွဲ့သားများ၊ အန်ဂျီအိုများ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ Posyandu Lansia အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အမာခံအဖွဲ့သားတို့သည် အိမ်ထောင်စု အစုအဖွဲ့တစ်ခု နှင့် သက်ကြီးပူးပေါင်းလှုပ်ရှားမှုသို့ သက်ကြီးများ လာရောက်ရန် စည်းရုံးလှုံ့ဆော်ရေး တို့အတွက် တာဝန်ယူထားကြသည်။
  • Persadia ကလပ်သည် တစ်နိုင်ငံလုံးနီးပါးကို လွှမ်းခြုံနိုင်ပြီး ဆီးချိုဝေဒနာရှင်များ၏ ဘ၀အခြေအနေတိုးတက်စေဖို့အတွက် အဓိက ထားခြင်းဖြစ်သည်။

ယခုလုပ်ဆောင်ချက်သုံးမျိုးကို ပုဂ္ဂလိကနှင့် အရပ်ဘက်အစိုးရထံမှ ရန်ပုံငွေတို့ဖြင့် ပံ့ပိုးထားခြင်းဖြစ်သည်။ ယင်းတို့သည် စောစီးစွာရောဂါရှာဖွေမှု၊ စောင့်ကြည့်မှုများတွင် လူ့အဖွဲ့အစည်းဘက်မှ ပါဝင်မှုရှိလာစေရန် ၊ မကူးစက်နိုင်သည့် ရောဂါဖြစ်နိုင်ခြေရှိသူများကို လူ့အဖွဲ့အစည်း( ကျောင်း၊ အလုပ်၊ နေထိုင်သည့်နေရာ) တွင်းမှ လှုပ်ရှားမှုများ၌ ပူးပေါင်းပါဝင်မှုရှိစေရန် အားပေးတိုက်တွန်းမှုများပြုလုပ်ကြသည်။

မကူးစက်နိုင်သော ရောဂါရှာဖွေမှု၊ ကုသမှုတို့အတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ လုပ်ဆောင်ချက်များ 

ကျန်းမာရေးဝန်ဆောင်မှုအခြေခံအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ၂၀၁၀ ပြည့်နှစ်မှစ၍ ပဏာမကျန်းမာရေး ဝန်ဆောင်မှုအဆင့်၌ ( ဥပမာ – Puskesmas (ပြည်သူ့ကျန်းမာရေးစင်တာ) သို့မဟုတ် မိသားစုဆရာဝန်) အကောင်အထည်ဖော်ခြင်းဖြစ်သည်။ မကူးစက်နိုင်သော ရောဂါနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား အမျိုးသားလူမှုကျန်းမာရေးအာမခံမှ လွှမ်းခြုံပေးခြင်းဖြစ်သည်။ အမျိုးသားလူမှုကျန်းမာရေးအာမခံသည် ကျန်းမာရေးစစ်ဆေးရန်အတွက် မိုဘိုင်းအက်ပလီကေးရှင်း တစ်ခုကို ၂၀၁၆ ခုနှစ်က ထုတ်ခဲ့သည်။ မကူးစက်နိုင်သော ရောဂါြဖစ်ပွားနိုင်ခြေ အသင့်အတင့် သို့မဟုတ် ဖြစ်နိုင်ခြေမြင့်နေပါက ပါဝင်အသုံးပြုသူများအား နောက်ဆက်တွဲ အနေနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူများနှင့် ဆွေးနွေးရန် အကြုံပြုသည်။ အဆိုပါ အက်ပလီကေးရှင်းကို အသုံးပြုပြီးနောက် အမျိုးသားကျန်းမာရေးအာမခံတွင် ပါဝင်သူ တစ်သန်းကျော်သည် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ကြသည်။ သို့သော်လည်း ယခု လုပ်ဆောင်ချက်တွင် မပါဝင်ခဲ့သူဉီးရေမှာလည်း များစွာကျန်နေသေးသည်။

ဝန်ဆောင်မှုများနှင့် ထိတွေ့မှုရှိစေရန် လမ်းဖွင့်ပေးသော အလုံးစုံကျန်းမာရေးလွှမ်းခြုံမှု မူဝါဒ 

အမျိုးသားလူမှုကျန်းမာရေးအာမခံ (BPJS Kesehatan) သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး တစ်မျိုးသားလုံးအတွက် အမျိုးသားကျန်းမာရေးအာမခံကို ကမ်းလှမ်းခဲ့ကာ ယခုအချိန်အထိ လူဉီးရေ၏ ရာခိုင်နှုန်း ၅၀ ကျော်ကို လွှမ်းခြုံနိုင်နေပြီဖြစ်သည်။

 

မြန်မာ

မကူးစက်နိုင်သောရောဂါများအား ထိန်းချုပ်ကာကွယ်ရေးအတွက် ရပ်ရွာအခြေပြုလုပ်ဆောင်ချက်များ  

  • မကူးစက်နိုင်သောရောဂါနှင့် ပတ်သက်သည့် အရေးပါသော ဝန်ဆောင်မှုများကို ပေးရာတွင် တိုးတက်လာစေရန်၊ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းညီညွတ်မှုအားကောင်းလာစေရန် နှင့် လူမှုရေးလုံခြုံမှုအား ပံ့ပိုးနိုင်စေရန် ရည်ရွယ်ပြီး ISHG ဟုခေါ်သော လူမှုအားမာန်အဖွဲ့များသည် လေ့ကျင့်ပေးထားသော စေတနာ့ဝန်ထမ်းများဖြင့် ကျန်းမာရေးအသိတရားနှင့် ကိုယ်ထူကိုယ်ထ လုပ်ဆောင်မှုများ မြင့်တက်လာစေရန် ဆောင်ရွက်ကြသည်။
  • မြန်မာနိုင်ငံ အတွင်း လူမှုအားမာန်အဖွဲ့ပေါင်း ၁၅၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနသည်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ယင်းရပ်ရွာအကျိုးပြု လုပ်ဆောင်မှုများ အရှိန်မြင့်တက်လာစေရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
  • ရန်ကုန်မြို့အနီးတစ်ဝိုက်တွင်မူ ရှေ့ပြေး ရပ်ရွာအခြေပြုရောဂါစစ်ဆေးခြင်းနှင့် ကျန်းမာသော ဘ၀နေထိုင်မှုများအတွက် အကြံပေးခြင်း တို့ရှိသည်။

မကူးစက်နိုင်သော ရောဂါစစ်ဆေးမှုနှင့် ကုသမှုအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ချမှတ်ထားသည့်အတိုင်း ပဏာမကျန်းမာရေးစောင့် ရှောက်မှုအတွက် မကူးစက်နိုင်သောရောဂါဆိုင်ရာ အရေးပါသောလုပ်ဆောင်ချက်အစီအစဉ်အား ရင်းမြစ်နည်းပါးသော ပုံစံဖြင့် မြို့နယ်ဆေးခန်းများ၌ အကောင်အထည် ဖော်လျက်ရှိသည်။ ယင်းတို့ထဲတွင် လူအစုအဖွဲ့လိုက်သာမက တစ်ဉီးချင်းစီအတွက် လုပ်ဆောင်မှုများ ပါဝင်သည်။ ယင်းလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ် အားလုံးတွင် ကျယ်ပြန့်သွားစေရန် အစိုးရက စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဝန်ဆောင်မှုများနှင့် ထိတွေ့မှုရှိစေရန် လမ်းဖွင့်ပေးသော အလုံးစုံကျန်းမာရေးလွှမ်းခြုံမှု မူဝါဒ 

ကျန်းမာရေးဝန်ဆောင်မှုများအတွက် အခြေခံအစီအစဉ်အား တိုးချဲ့နိုင်စေရန်၊ ဝန်ဆောင်မှုရရှိနိုင်မှု မြင့်တက်လာစေရန်နှင့် လူထုဘက်မှ ကျန်းမာရေးအတွက် ကိုယ်တိုင်ငွေကြေးစိုက်ထုတ်သုံးစွဲရမှုများ ကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားကျန်းမာရေးစီမံကိန်းကို စတင်ခဲ့သည်။ အစိုးရသည် ကျန်းမာရေးအာမခံ အား တဖြေးဖြေးစတင်မိတ်ဆက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် အားလုံး လွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိတွင် ဝန်ထမ်းကဏ္ဍ၌ ရှေ့ပြေးအနေနှင့် စတင်နေပြီဖြစ်သည်။

 

ဗီယက်နမ်

မကူးစက်နိုင်သောရောဂါများအား ထိန်းချုပ်ကာကွယ်ရေးအတွက် ရပ်ရွာအခြေပြုလုပ်ဆောင်ချက်များ  

  • ISHC ဟုခေါ်သော Intergenerational self-help clubs များသည် တက်ကြွ၍ ကျန်းမာသော သက်ကြီးဘ၀ဖြစ်စေရန် ရည်ရွယ်သည့် လူ့အဖွဲ့အစည်းအခြေစိုက် စည်းလုံးညီညွတ်သော အစုအဖွဲ့များဖြစ်သည်။
  • ဗီယက်နမ်တွင် ISHC ကလပ်ပေါင်း ၁၂၈၆ ခုရှိသည်။သက်ကြီးရွယ်အိုဆိုင်ရာအမျိုးသားစီမံကိန်း (၂၀၁၂- ၂၀၂၀) အရ ၂၀၂၀ ပြည့်နှစ်တွင် မြို့နယ်နှင့် ရပ်ကွက် ရာခိုင်နှုန်း ၅၀ ထက်မနည်း၌ ISHC ကလပ် အနည်းဆုံးတစ်ခု ရှိလာစေရန် ရည်ရွယ်ထားသည်။

မကူးစက်နိုင်သော ရောဂါစစ်ဆေးမှုနှင့် ကုသမှုအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ချက်  

ဗီယက်နမ်မှ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ချက်ထဲတွင် သွေးတိုးနှင့် ဆီးချိုစစ်ဆေး၊ ထိန်းချုပ်ရေး ၊ ဆေးဝါးနှင့် အခြေခံအသုံးအဆောင်များထောက်ပံ့မှုသေချာစေရေးနှင့် မြို့နယ်ကျန်းမာ ရေးဌာနများ၌ နောက်ဆက်တွဲဆေးကုသမှုတို့ ပါဝင်သည်။ လက်ရှိအချိန်တွင် ဗီယက်နမ်၌ မကူးစက်နိုင် သောရောဂါဆိုင်ရာ မိသားစုအခြေစိုက် အစီအစဉ်များစွာကိုလည်း စမ်းသပ်လျက်ရှိသည်။

ဝန်ဆောင်မှုများနှင့် ထိတွေ့မှုရှိစေရန် လမ်းဖွင့်ပေးသော အလုံးစုံကျန်းမာရေးလွှမ်းခြုံမှု မူဝါဒ 

၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀၊  ၂၀၂၅ ခုနှစ်တွင် ၉၅ ရာခိုင်နှုန်း အား ( ကျန်းမာရေးဝန်ဆောင်မှု အကျိုးခံစားခွင့်အခြေခံအစီအစဉ်အား မြို့နယ်၊ ရပ်ကွက် ဆိုင်ရာ ကျန်းမာရေးဌာန ၉၅ ရာခိုင်နှုန်းအား လွှမ်းခြုံမှု) လွှမ်းခြုံနိုင်ရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် အစိုးရသည် ၂၀၁၇ ခုနှစ်က ကျန်းမာရေးအာမခံကို စတင်ခဲ့သည်။ ယင်းသို့စတင်ပြီးနောက် စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်မှု ကြောင့် ၂၀၁၈ ခုနှစ် ဇွန်လမှာပင် ဗီယက်နိုင်ငံအတွင်း၌ ကျန်းမာရေးအာမခံလွှမ်းခြုံနိုင်မှုမှာ ၈၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။