အတိတ်ကိုပြန်လေ့လာမှု အကျဥ်းချုံး

|
အတိတ်ကိုပြန်လေ့လာမှု အကျဥ်းချုံး

နောက်ခံသမိုင်းကြောင်း

မကူးစက်နိုင်သောရောဂါများအတွက်  လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ခြင်း အရှေ့တောင်အာရှဆိုင် ရာစီမံကိန်း (SUNI-SEA) ဆိုသည်မှာ အင်ဒိုနီးရှား၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အကောင်အထည် ဖော်ဆောင်ရွက်နေသော လေးနှစ်ကြာသုတေသနစီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်း၏ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှအတွင်း အသုံးပြုရန် မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်သည့် သာဓက အခြေပြု စည်းမျဥ်းများနှင့် လုပ်ဆောင်ရမည့်အချက်အလက်များကို ချမှတ်ရေးဖြစ်သည်။ SUNI-SEA စီမံကိန်းသည် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနိးရှားနိုင်ငံများမှ အစိုးရတို့နှင့်လက်တွဲပြီး ယင်းနိုင်ငံများမှ မကူးစက်နိုင်သော ရောဂါကာကွယ်ထိန်းချုပ်မှုအား အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အားကောင်းစေ ရန်လုပ်ဆောင်လျက်ရှိသည်။

ရပ်ရွာလူ့အဖွဲ့အစည်းအဆင့်တွင် ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းစဥ်အတွင်း ပူးပေါင်းမှုများကို ဖန်တီးပေးရန် ယခု SUNI-SEA စီမံကိန်းက ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့အပြင် ရပ်ရွာအဖွဲ့အစည်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံအခြေပြု ပဏာမဆောင် ရွက်ချက်များ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်လည်း ယခုစီမံကိန်းက လိုလားလျက် ရှိသည်။

 

တိုးတက်မှု

စီမံကိန်းပထမနှစ်အတွင်း နေရာဒေသတစ်ခုချင်းစီ၏ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတစ်ခုချင်းစီတွင် မကူးစက်နိုင်သောရောဂါကာကွယ်ကုသရေးပိုင်း၌ မည်သို့ အခြေအနေရှိသည့်အကြောင်းကို ကျွန်ုပ်တို့အနေနှင့် စာရင်းပြုစုခဲ့သည်။ ယင်းနောက် အဆိုပါစာရင်းကို မည်သည်က ထိရောက်မှုရှိသည်နှင့် မည်သည်က စရိတ်ထိရောက်မှုရှိသည် ရေးသားမှုထဲမှ တွေရှိချက်များနှင့် ပြန်လည်နှိုင်းယှဥ်ခဲ့ကြသည်။ နိုင်ငံတစ်ခုခြင်းစီမှ သင်ခန်းစာရရှိမှုများကို စုစည်းပြီး အားသာချက်၊ အားနည်းချက်များကို စာရင်းပြုစုခဲ့ကြသည်။ ယင်းတွေ့ရှိချက်များကို အခြေပြုပြီး SUNI-SEA၏ရှေ့လာမည့် အပိုင်းတွင် ရပ်ရွာအခြေပြုနှင့် ပဏာမကျန်းမာရေးအခြေပြုလှုပ် ရှားမှုများအား အကောင်အထည်ဖော်ရေးအတွက် ကျွန်ုပ်တို့ဘက်မှ အကြံပြုချက်များလည်း ပေးခဲ့ပါသည်။

 

အဓိကသင်ခန်းစာရရှိမှုများ

အင်ဒိုနီးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှု(PHC)ဆိုင်ရာ ဆောင်ရွက်မှုများနှင့် ရပ်ရွာအခြေပြုလုပ်ငန်းစဉ်(CBI)များမှာ ရှိနှင့်ပြီးဖြစ်ပါသည်။ လူ့အဖွဲ့အစည်းများထဲတွင် ဥပမာအားဖြင့် ရောဂါစမ်းသပ်စစ်ဆေးခြင်း၊ ဘဝနေထိုင်မှုပုံစံပြောင်းလဲ ပေးခြင်း အစရှိသည့် ကျန်းမာရေးမြှင့်တင် ကာကွယ်ရေးလုပ်ငန်း စဥ်များ ရှိသည်။ ကျန်းမာရေးဌာနတို့တွင်လည်း ရောဂါကိုစောစီးစွာရှာဖွေဖော်ထုတ်ခြင်းနှင့် ဆေးဝါးကုသခြင်း များ လည်းရှိသည်။ ယေဘူယျအားဖြင့်ဆိုသော် ယခုသုံးနိုင်ငံစလုံးသည် လွှမ်းခြုံနိုင်မှု အထိုက်အ လျောက်စီ လက်ရှိတွင် ရှိနေသော်လည်း ကျန်းမာရေးအာမခံမှတစ်ဆင့် မကူးစက်နိုင်သောရောဂါ တို့ အား ကာကွယ်ထိန်းချုပ်မှုအတွက် ရန်ပုံငွေ များဖန်တီးရရှိရန် ရည်ရွယ်လျက်ရှိကြသည်။

အင်ဒိုနီးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ မကူးစက်နိုင်သောရောဂါဆိုင်ရာမဟာဗျူဟာများသည် ဥပမာအားဖြင့် မကူးစက်နိုင်သောရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ( PEN interventions )‌အစရှိသည့် ထိရောက်မှုရှိကြောင်းနိုင်ငံတကာမှသက်သေရရှိထား သည်များအပေါ် အခြေပြုထားခြင်းဖြစ်သည်။ ထိုသုံးနိုင်ငံအတွင်းရှိ လှုပ်ရှားဆောင်ရွက်မှုအများအပြား သည် ရှာဖွေတွေ့ရှိချက်များ၊ နိုင်ငံတကာမှ အကြံပြုရေးသားချက်များနှင့် တန်းညှိယူထားခြင်းဖြစ် သည်။ သို့သော် ဒေသတွင်းအခြေအနေများအတွက် ကိုက်ညီသည့် သင့်တော်သည့်နိုင်ငံတကာမှ  သက်သေသာဓကများမှာ အမြဲတမ်းရရှိနိုင်သည်မဟုတ်ပေ။ ထို့ကြောင့် သက်ဆိုင်ရာဒေသတွင်း အခြေအနေတို့အတွက် ဒေသတွင်းမှ အကြောင်းအရာ၊ အချက်အလက်များကို ပိုမိုသိရှိရန် များစွာလို အပ်လျက်ရှိသည်။

လက်တွေ့တွင် မကူးစက်နိုင်သောရောဂါဆိုင်ရာစီမံကိန်းများကို လူအဖွဲ့အစည်းများနှင့် ပဏာမကျန်းမာ ရေးစောင့်ရှောက်မှုများထဲတွင် အကောင်အထည်ဖော်လျက်ရှိပြီး အင်ဒိုနီးရှားတွင် အမျိုးသားစီမံကိန်း များအနေဖြင့်လည်းကောင်း၊ ဗီယက်နမ်တွင် ရံဖန်ရံခါဆိုသလို သုတေသနစီမံကိန်းများအဖြစ်လည်း ကောင်း တွေ့ရှိရသည်။ ကျန်းမာရေးမြှင့်တင်မှုနှင့် ရောဂါစစ်ဆေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမှာမူ ယခုသုံးနိုင်ငံစလုံးတွင် အခြေအနေအကောင်းလှသည် မဟုတ်ပေ။ ဝန်ဆောင်မှု များပေးသည့် နေရာများမှာပင် လူငယ်များနှင့် အမျိုးသားများသည် ယင်း၀န်ဆောင်မှုများ အား အသုံးပြုရန်  နောင်နှေးနေသည့် အခြေအနေတွင်ရှိသည်။ မကူးစက်နိုင်သောရောဂါဆိုင်ရာ ဝန်ဆောင်မှု ပမာဏကို ချဲ့ထွင်ခြင်းဖြင့် ထိရှအလွယ်ဆုံးသူများအပါအ၀င် လူထုထံပိုမို ရောက်ရှိနိုင်စေရေးအတွက် လိုအပ်လျက်ရှိနေသည်။

ရပ်ရွာလူ့အဖွဲ့အစည်း၏ အရင်းအမြစ်များကို အသုံးပြုခြင်းသည် ထိရောက်မှုရှိသည့်အကြောင်း  ခိုင်မာ သည့် သက်သေများရှိနေသည်။ ယေဘူယျအားဖြင့် လူအဖွဲ့အစည်းအလိုက်ကြားဝင်ဆောင် ရွက်ချက် များသည် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ဆောင်ရွက်ချက်များထက် ပိုမိုထိရောက်မှုရှိ နေသည်။ ယင်း၏ ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းတစ်ရပ်မှာ သက်တူရွယ်တူအပေါင်းအဖော်မိတ်ဆွေတို့၏ ပံ့ပိုးမှုရှိပါက လူတစ်ဦးတစ်ယောက်အတွက် ပိုမိုခိုင်မာသည့်ဆုံးဖြတ်ချက်ချနိုင်ခြင်းဖြစ်ဖွယ်ရှိပြီး ယင်း ကြောင့် ကျန်းမာရေးဆိုင်ရာရလဒ်များမှာလည်း တိုးတက်လာခြင်း ဖြစ်ဖွယ်ရှိသည်။

ရပ်ရွာလူ့အဖွဲ့အစည်းများအတွင်း ပဏာမကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုများအဖြစ် ၀န်ဆောင်မှု တို့မှာ အစဥ်အမြဲ သတ်မှတ်အရည်အသွေးပြည့်မှီနေသည်တော့မဟုတ်ပေ။ ရပ်ရွာထဲမှ စေတနာ့ဝန် ထမ်းများ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းတို့၏ ပါဝင်မှုမှာလည်း အမြဲလောက်ငှနေသည်မဟုတ်၊ ထို့အတူ ဆေးဝါးနှင့် လိုအပ်သည့်စက်ကိုရိယာပစ္စည်းတို့မှာလည်း အမြဲမရနိုင်ပေ။ ယင်းသို့ အခြေအနေမျိုးတွင် စေတနာဝန်ထမ်းများအား e-learning အခွင့်အရေးများအပါအဝင် သင်တန်းများပေးရန်လိုအပ်သည်။ နိုင်ငံတစ်ခုချင်းစီ၏ လိုအပ်ချက်များနှင့် အံဝင်ခွင့်ကျပြည့်မှီစေမည့် အနေအထားရရှိရန် နိုင်ငံများထဲမှ ကျန်းမာရေးလုပ်သားတို့၏ စွမ်းဆောင်ရည်များ၊ လုပ်ပိုင်ခွင့်များ၊ PHC ဝန်ဆောင်မှုများအတွက် သတ်မှတ်ချက်အစီအစဥ်ရေးဆွဲရန် လိုအပ်ပေသည်။

စရိတ်ထိရောက်မှုနှင့် ထိရောက်မှုရှိသော စီမံကိန်းများဖွံ့ဖြိုးလာစေရန် PHCFI နှင့် CBI ကြားတွင် ပူးပေါင်း ဆောင်ရွက်မှုများတိုးတက်စေရေးအတွက် နေရာဒေသအားလုံးတွင် အခွင့်အရေးတစ်ခုရှိနေပါသည်။

အကြံပြုချက်များ

 

  1. ရပ်ရွာအတွင်းမှ လူထု၏ အင်အားကိုမြှင့်တင်ပါ။ ယင်းသည် မိမိကိုယ်ကိုယ်ယုံကြည်စေခြင်းဖြင့် ဖြစ်စေ ကျန်းမာရေးကိုမြှင့်တင်ရန် ထိရောက်မှုရှိသောကြောင့်ဖြစ်ပါသည်။ ယင်းရည်မှန်းချက်ကို ပြည့်မှီရန် အရေးကြီးသောလိုအပ်ချက်မှာ လူထု၊ ပညာရှင်၊ စေတနာ၀န်ထမ်း၊ ၀န်ထမ်းများကြား တွင် ယုံကြည်မှုရရှိရေးဖြစ်သည်။
  2. PHC နှင့် ရပ်ရွာအခြေပြုစီမံကိန်းနှစ်ခုစလုံးတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ဆောင်ချက်များ ကို အကောင်အထည်ဖော်ပါ။ အဆိုပါစွမ်းဆောင်ရည်မြှင့်တင်ခြင်းသည် ဒေသတွင်းမှ အခြေအနေ၊ အနေအထားနှင့် ကိုက်ညီရန် လိုအပ်သေးသည်။
  3. ရပ်ရွာလူ့အဖွဲ့အစည်းအခြေပြု ကြားဝင်လုပ်ဆောင်မှုများတွင် ရင်းနှီးမြှပ်နှံပါ။ အဘယ်ကြောင့်ဆို သော် ယင်းလုပ်ဆောင်မှုတို့ကြောင့် ကျန်းမာရေးပညာပေးမှုများပံ့ပိုးခြင်း၊ ရောဂါစမ်းသပ်ရှာဖွေ ခြင်းတို့ အပါအ၀င် အရေးပါသော ကျန်းမာရေးလုပ်ဆောင်ချက်များအား နားလည်မှုမြင့်တက်နိုင် စေရန် အလားအလာရှိနေသောကြောင့်ဖြစ်သည်။ ရပ်ရွာလူ့အဖွဲ့အစည်း အတွင်းမှာ ဝန်ထမ်းများ သို့မဟုတ် ‌စေတနာ့ဝန်ထမ်းများ၏ ပါဝင်မှုအခန်းကဏ္ဍမှာလည်း အလွန်အရေးပါသည်။ ၎င်းတို့သည် ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် လူ့အဖွဲ့အစည်း ကြားတွင် (အထူးသဖြင့် ကျေးလက်ဒေသများ) ချိတ်ဆက်ပေးသောပုဂ္ဂိုလ်များဖြစ်လာနိုင် သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုတို့အတွက် ရင်းနှီး မြှုပ်နှံမှုများကို လုပ်ဆောင်သင့်ပါသည်။
  4. နိုင်ငံအခြေအနေနှင့် ကိုက်ညီသော မကူးစက်နိုင်သည့်ရောဂါများကျယ်ကျယ်ပြန့်ပြန်စစ်ဆေးမှု၊ ကာကွယ်မှု၊ ထိန်းချုပ်မှုများ ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရန် ကျန်းမာရေး စေတနာဝန်ထမ်းများနှင့် ပညာရှင်တို့အတွက် ခိုင်မာသော လမ်းညွှန်ချက်များ ချမှတ်ပါ။ အီလက်ထ ရောနစ်သင်ကြားရေးနှင့် အင်တာနက်အခြေပြုသတင်းအချက်အလက်များမှာလည်း အခြေအနေတို့နှင့် ပိုမိုကိုက်ညီမှုရှိလာလိမ့်မည်ဖြစ်သည်။
  5. မကူးစက်နိုင်သောရောဂါများ ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ရပ်ရွာအဖွဲ့အစည်းများကို လှုံ့ဆော်ပါ။ ရောဂါဖြစ်ရန် အခွင့်အလမ်းများနေသော သူများကိုစုကာ သေးငယ်သောအဖွဲ့များဖွဲ့ပြီး ကိုင်တွယ်ခြင်း သည် အောင်မြင်မှုရရှိရန် အရေးပါသည်။ ကျန်းမာရေးအတွက် ကိုယ်ကိုယ်တိုင် ထိန်းချုပ်စီမံခြင်းနှင့် ကျန်းမာရေးလိုက်စားသည့် အပြုအမူများကို နားလည်လာမှု မြင့်တက်စေရန် အတွက် မိသားစုနှင့် မိတ်ဆွေအပေါင်းအဖော်များ၏ ပိုမိုအားကောင်းသည့် တိုက် တွန်းအားပေးမှုတို့ ရှိသင့်ပါသည်။
  6. အင်တာနက်အခြေပြုသတင်းအချက်အလက်များ၊ မီဒီယာများမှတစ်ဆင့် လှုပ်ရှားစည်းရုံးမှုများ၊ မျက်နှာချင်းဆိုင်အသိပညာပေးမှုများဖြင့် နိုင်ငံလူဦးရေပမာဏအလိုက် သတင်းအချက်အလက် လက်လှမ်းမီနိုင်မှုကို တိုးမြှင့်ပါ။
  7. Chronic Care Model ဖြင့် ပြည်စုံကုံလုံသော ချဥ်းကပ်မှုရှိပါစေ။ ယင်း၏အဓိပ္ပါယ်မှာ ဥပမာအားဖြင့် ရောဂါစစ်ဆေးရှာဖွေမှုနှင့် ကုသမှုအပြီးတွင် နောက်ဆက်တွဲများ ရှိလာမည်ဖြစ်ပြီး ရပ်ရွာအဖွဲ့အစည်းနှင့် ပဏာမကျန်းမာရေးစင်တာများ ကြားတွင် ပူးတွဲလုပ်ဆောင်ရမည်ဖြစ်သည်။ ကုသမှုများအားလိုက်နာမှု၊ ကျန်းမာရေးသင်တန်းများအား တက်ရောက်မှု၊ ရောဂါစမ်းသပ် စစ်ဆေးမှုများ မြင့်တက်လာစေရန်အတွက် သတိပေးခြင်းများ တတ်တတ်ကြွကြွ လုပ်ဆောင်ပေးနေပါ။